ဘွဲ့ရတဲ့နေ့မှာ သန့်ရှင်းရေးလုပ်နေတဲ့ အမေကို လမ်းပေါ်မှာကန်တော့ခဲ့တဲ့ သမီး
ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အမေက သန့်ရှင်းရေး အလုပ်လုပ်ပြီး သမီးလေးကို ဘွဲ့ရအောင် ကျောင်းထားခဲ့တယ်။ သမီးက ဘွဲ့ယူပြီးတဲ့ နေ့ကဘဲ အမေ အလုပ်လုပ်နေတဲ့ နေရာကို လာပြီး လာကန်တော့နေတဲ့ သားအမိနှစ်ယောက်ရဲ့ ပီတိဖြစ်စရာ မြင်ကွင်းလေးပါ။
တကယ်တော့ မိမိဟာ ဆင်းရဲတဲ့ မိဘကဘဲ ဆင်းသက်လာလာ ချမ်းသာတဲ့ မိဘကဘဲ ဆင်းသက်လာလာ မိဘ ဆိုတာ ကျေးဇူးရှင်မှန်း သိဖို့ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်မိဘ ဆင်းရဲတယ် ဆိုပြီး သိမ်ငယ်နေစရာ မလိုပါဘူး။ ဒီလို ဆင်းရဲခြင်းဟာ မိမိ လူလားမြောက် အရွယ်ရောက်လာလို့ ကိုယ့်ရဲ့ ကြိုးစားမှုတွေအပေါ် မူတည်ပြီးတော့ ကိုယ့်ရဲ့ဘဝက ပြောင်းလဲလာတက်ပါတယ်။
ဒါကြောင့် မိဘတွေ ဆင်းရဲလို့ ဆိုပြီး မိဘများကို အပြစ်မတင်ဘဲ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ဘဲ မိမိရဲ့ မိသားစုဘဝကို ပြောင်းလဲလာနိုင်အောင် ကြိုးစားကြပါလို့ သူငယ်ချင်းများကို တိုက်တွန်းပါရစေ။ ဘဝဆိုတာ ဒီရေလိုဘဲ အတက်အကျတွေ ရှိနေတက်တာမို့ မိမိရဲ့ ဘဝလည်း မိမိရဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး ပြောင်းလဲလာတက်ပါတယ်။
credit to S M H
Post a Comment