Header Ads

ဖုန်းထဲမှာ အချစ်​ရှိတယ်...


ဖုန်းထဲက အချစ်​ ဖုန်းထဲမှာပဲ အဆုံးသတ် ​နိုင်​တယ်​။ ဒါ​ပေမဲ့ သံ​ယောဇဉ်​က​တော့ လွယ်​လွယ်​နဲ့ ဖြတ်​​တောက်​လို့ မရဘူး

တစ်​ခါတ​လေ တိုက်​ဆိုင်​မှုရှိတိုင်း သူနဲ့ ဖုန်း​ပြောခဲ့ဖူးတာ​လေး​တွေ သူနဲ့ စာရိုက်​ခဲ့ ဖူးတာ​လေး​တွေ အ​ပေါ် ကိုယ်​ကြည်​နူးခဲ့ရတဲ့ အဖြစ်​ကို ပြန်​ပြီး​တော့ မြင်​​ယောင်​​နေမိတယ်

သူ့ပုံလေး​တွေ ကြည့်​ရင်း သတိရမိသလိုလို လွမ်းမိသလိုလို ခံစားမိလာတယ်​။ သူနဲ့အတူ ရှိခဲ့ဖူးတဲ့ အချိန်​​တွေကို တစ်​ခါပြန်​လည်​ အသက်​ဝင်​လာချင်​မိတယ်​။ သူ့အလိုလို မျက်​ရည်​ဝဲလာမိတာ အမှန်​ပဲ

ဖုန်းထဲမှာ အချစ်​ရှိတယ်​ လို့ ​ပြောပါရ​စေ။ ကြုံဖူးသူတိုင်းရဲ့ အသိပါပဲ

သူ့အ​ကြောင်း ကိုယ်​သိလား ဆို​တော့လည်း မသိဘူး။ ကိုယ့်​အ​ကြောင်း သူသိလား ဆို​တော့လည်း မသိဘူး။ ဒါ​ပေမဲ့ သူ့ရဲ့ အ​ငွေ့အသက်​​တွေက ကိုယ့်​အနားမှာ ဝဲလည်​​နေတယ်

သူနဲ့သာ ​ဝေးသွားခဲ့တာ သူ့ကို​တော့ မ​မေ့နိုင်​ဘူး။ ယ​နေ့ထိတိုင်​ပါပဲ သူ့ကို ချစ်​မိခဲ့ပါတယ်​။ မ​ပြောင်းလဲခဲ့ဘူး ဖုန်းထဲမှာ ကျန်​ရစ်​ခဲ့တယ်​​လေ

တကယ်​လို့များ သူနဲ့သာ ဖုန်းထဲမှာ ပြန်​ဆုံဆည်းခွင့်​ရရင်​ ​ပြောပြချင်​မိတယ်

သူ​ရော ကိုယ့်​လိုပဲလား မသိဘူး..
သူ ဘယ်​ဆီမှာများလဲ
သူ ​နေ​မှ ​ကောင်းရဲ့လား


သူ အဆင်​မှ ​ပြေရဲ့လား
သူ ဘာ​တွေဖြစ်​​နေပြီလဲ
ကိုယ်​ သိချင်​မိတယ်​​လေ

တချို့လူ​တွေက ကိုယ့်​ကို ရူးရင်​ ရူးတယ်​လို့ ​ပြောချင်​​ပြောကြပါ​စေ။ ကိုယ်​မကြုံဖူးကြ​သေး​တော့ ​ပြော​နေကြတာပါပဲ။ ကိုယ်​တကယ်​ ကြုံဖူးလာတဲ့ တစ်​​နေ့ ကိုယ်​လိုပဲ သူတို့လည်း ဖြစ်​လာမှာပါ


အဲ့လို အခါမျိုးဆိုရင်​ ဖုန်းထဲမှာ အချစ်​ရှိတယ် ​ဆိုတာ သူတို့ ယုံကြည်​လာမှာပါ။ ပြီး​တော့ ကိုယ့်​ကိုလည်း သူတို့ နားလည်​သွားမှာပါ...........

Credit to  ​နွေမိုးသား

No comments

Powered by Blogger.