ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆိုတာ...
_________________
ယောက်ျား တစ်ယောက်ကို မရရအောင် ယူတတ်တဲ့သူတွေ မဟုတ်ပါဘူး။ ယောက်ျား တစ်ယောက်ကို
အလွယ်တကူ မချစ်တတ်သူပါ ။ ကိုယ်ဟာ ဘယ်လောက် တန်ဖိုးရှိကြောင်း ယောက်ျား တစ်ယောက်ကို ပြသသူ မဟုတ်ဘူး။ ယောက်ျားတစ်ယောက်ဟာ သူမအတွက် ဘယ်လောက် တန်ဖိုးရှိတယ် ဆိုတာ သက်သေ ပြစေချင်သူ။
ပျော့ခွေ နေသူ မဟုတ်ဘူး။ ခပ်မတ်မတ် လျှောက်လှမ်းသူ။ ဘဝ ပြည့်စုံဖို့ ယောက်ျားတစ်ယောက် မလိုအပ်ဘူး။ တစ်ယောက် တည်းလည်း ပြည့်စုံ နေသူပါ။ ယောက်ျားတစ်ယောက်ကို ပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားဘူး။ ပြောင်းလဲစရာလိုတဲ့ ယောက်ျား ကိုလည်း ဘယ်တော့မှ မစဉ်းစားဘူး။ လိုချင်တာ မရတဲ့အခါ နားပူနားဆာ မလုပ်တတ်ဘူး။ ကိုယ့်ဘာသာ လုပ်စရာရှိတာ လုပ်တယ်။
ယောက်ျားတစ်ယောက်ကို သူ့ဘဝအဖြစ် မသတ်မှတ်ဘူး။ သူ့မှာ ကိုယ်ပိုင်ဘဝ ရှိတယ်။ ကိုယ်က လိုက်နေရတဲ့ အလုပ်မလုပ်ဘူး။ အလိုက်ခံနေရသူ အဖြစ်နေတယ်။ ယောက်ျားတစ်ယောက်က သူ့အပေါ် မကောင်းတော့တဲ့အခါ ငါက နှစ်လိုဖွယ် မကောင်းတော့ဘူးလား လို့ မစဉ်းစားဘူး။ အဲဒီလူက နှစ်လိုဖွယ် ကောင်းသေးရဲ့ လား လို့ပဲ သံသယ ဖြစ်တယ်။
ယောက်ျားတစ်ယောက်ရဲ့ စိတ်ရှုပ်စရာ အပြုအမူတွေကို သောကပွားနေသူ မဟုတ်ဘူး။ ယောက်ျားတစ်ယောက်ရဲ့ အမြင်ကို ဂရုမစိုက်ဘူး။ ကိုယ့်စိတ်ကြိုက် အေးချမ်းစွာ နေထိုင်တယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေ အတွက် ပူဆွေးနေသူ မဟုတ်ဘူး။ ယောက်ျားတစ်ယောက်ကို လိုအပ်သူ မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ယောက်ျားကိုသာ ရွေးချယ်သူ ဖြစ်တယ်။
အဆင်မပြေမှုတွေ စိတ်ပျက်စရာ အခြေအနေမှာ ကြိတ်မှိတ်နေသူ မဟုတ်ဘူး။ သူများရဲ့ အာရုံကို ဖမ်းစားချင်တာ မဟုတ်ဘူး။ အရိုအသေ ပေးမှုကိုပဲ တန်ဖိုးထားသူ။ ယောက်ျားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို အမြဲရဖို့ ကြိုးစားနေသူတွေ မဟုတ်ဘူး။ သူမရဲ့ စိတ်ဝင်စားမှုကို အမြဲရဖို့ ယောက်ျား တစ်ယောက်ကို ကြိုးစားစေချင်သူ။
ယောက်ျားတစ်ယောက်ကို ထိန်းထားဖို့ ရုပ်ရည်က အဓိကလို့ ထင်သူမဟုတ်ဘူး။ ဉာဏ်ရည်ထက်မြက်မှု နဲ့ အမှီအခို ကင်းမှုက ပိုအရေးကြီးတယ် ဆိုတာ သိသူ။ ယောက်ျားတစ်ယောက်က ကိုယ့်ကို ချစ်သလားလို့ စဉ်းစားနေသူ မဟုတ်ဘူး။ အဲဒီ ယောက်ျားကို ကိုယ် တကယ်ချစ်ရဲ့လား လို့ စဉ်းစားသူ။ တစ်ကိုယ်တည်း နေရမှာ မကြောက်တဲ့သူ။ စိတ်ခံစားချက် အတိုင်း ပွင့်ပွင့်လင်းလင်း လုပ်တတ်သူ ဖြစ်တယ်။
Credit-shine moon



Post a Comment