Header Ads

နေရာတိုင်း ဦးဆောင်နေရတဲ့ မိန်းမတစ်ယောက်က လိုတာထက် မချိုသာတတ်ဘူး..


နေရာတိုင်းမှာ ဦးဆောင်နေရတဲ့ မိန်းမ တစ်ယောက်က လိုတာထက် မချိုသာတတ်ဘူး။

☝️ စိတ်ဆတ် လိမ့်မယ်
😏 စိတ်ထား မကောက်ကျစ်ဘူး...

😡 ဒေါသကြီးရင် ကြီးမယ်
😊 အချိန်ကြာကြာ စိတ်မဆိုးတတ်ဘူး...

👈 ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တယ်
😝 ဟန်မဆောင် တတ်ဘူး...

😏 မာယာ မများဘူး
☝️ ရဲရင့်တဲ့ ဆက်ဆံရေး ရှိတယ်...

😑 အိနြေ္ဒကြီး တစ်ခွဲသားနဲ့ မနေတတ်ဘူး၊
😁လူအများနဲ့ နေရတာ နှစ်သက်တယ်

😎 နေရာတကာ ဆရာကြီး လုပ်တတ်ပေမယ့်
😊 စာနာစိတ်ရှိတဲ့ နေရာမှာ သူတို့ကို လိုက်မမှီဘူး...

#သူတို့ အားနည်းချက်က...
👉 သနား တတ်တယ်
👉 အားနာ တတ်တယ်
👉 လုပ်ချင်ရာကို အကြောက်အရွံမရှိ လုပ်ပြီး နောင်တ ဆိုတာ မရှိဘူး...

# တစ်ခုပဲ လူတစ်ယောက်ကို မုန်းသွားရင် သေတောင် စကားလှည့် မပြောနိုင်အောင် သွေးအေးရက်စက်တတ်တာလေးပဲ...

- ထက်မြက်တယ် ဆိုထဲက သူများထက် တော်လို့ သူများထက် သာလို့မို့  😎

☝️ သူတို့ရဲ့ ရပ်တည်ချက်၊ ခံယူချက်တွေက သူများနဲ့ မတူဘဲ ခိုင်မာတယ်...

☝️ သူတို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ဆုပ်ကိုင်ထားတတ်လို့ ခေါင်းမာတယ် ထင်ရပေမယ့် အမှန်တစ်ကယ် ဇွဲကြီးတဲ့သူတွေ ဖြစ်တယ်...

☝️ သူများ ဘယ်လို ကူညီမလဲ ဆိုတာထက် ငါဘာလုပ်နိုင်လဲ ဆိုတာပဲ တွေးတယ်...


☝️ အမှတ်သည်းခြေ ကြီးတယ်. ရန်ငြိုးဖွဲ့ဖို့၊ လက်တုန့်ပြန်ဖို့ မဟုတ်ပေမယ့် သူတို့ကို နာကျင်အောင် လုပ်မိရင် ဘယ်တော့မှ မမေ့ဘူး...

☝️ နားလည် ခွင့်လွှတ်တတ်ပေမယ့် ဟင်ဆိုရင် လှည့်မကြည့်တော့ဘူး...

☝️ အေးစက်စက်လို့ ထင်ရပေမယ့် လိုအပ်လာရင် ကျောက်တုံးကို အရည်ဖျော်နိုင်စွမ်း ရှိကြတယ်...


ပျော်ပျော်နေရင်း ဖြတ်သန်းတတ်တဲ့ သူတို့စိတ်တွေက တကယ်တော့ အခြားသူတွေကို ပေးဆပ်လိုက်ရတာတွေ များတယ်...

အခက်အခဲရှိပေမယ့် ဘယ် အခြေအနေမှာမဆို အဆင်ပြေပါတယ် လို့ပဲ ပြောလေ့ရှိတယ်...

 👉 credit to - pin pin

No comments

Powered by Blogger.