Header Ads

သိပ်သိပ်ချစ်မယ်ဆိုတဲ့ နေတိုးနဲ့ ၀တ်မှုန်တို့ရဲ့ ဗီဒီယိုလေး


ပရိသတ်အားလုံး ရင်ထဲက မျှော်လင့်ထားတဲ့ အတိုင်းပဲ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် ဆုကိုတော့ မမတာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ နေတိုးက ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ရင်ထဲကဆန္ဒတွေနဲ့ ထပ်တူကျခဲ့တာကြောင့် အရမ်းကိုဝမ်းသာပျော်ရွှင်ခဲ့ရတဲ့ညလေးတစ်ည ဖြစ် ခဲ့ပါတယ်။



မနေ့ညကတော့ နေတိုးအတွက် ဂုဏ်ပြုညစာစားပွဲလေးတစ်ခု ကျင်းပခဲ့ကြပြီး အဲ့ဒီပွဲလေးမှ ပရိသတ် တွေအရမ်းကို သဘောကျစေခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ပရိသတ်တွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ ဗီဒီယိုလေးထဲမှာတော့ စုံတွဲသီချင်းလေး အပီဟဲခဲ့ကြတဲ့ နေတိုး နဲ့ ဝတ်မှုန်ရွှေရည် တို့နှစ်ယောက် ရဲ့ချစ်စရာမြင်ကွင်းလေးကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။



ချစ်စရာကောင်းတဲ့ သူတို့ မောင်နှမနှစ်ယောက်ကတော့ “ကိုကြီးကိုကြီး” ဆိုတဲ့အချစ်သီချင်းလေးကို အတူတူသီဆိုကခုန်ခဲ့ကြတာ ပဲ ဖြစ်ပါတယ်။ ပရိသတ် အသဲကျော်နှစ်ယောက် သီချင်းလေး အပီဟဲခဲ့ကြတဲ့ Live ဗီဒီယိုလေးကတော့ တခဏအတွင်းမှာတင် ဝင်ရောက်ကြည့်ရှု့သူ သောင်းကျော် ရှိခဲ့ပြီး ပရိတတ်တွေအရမ်းကို သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။




နေတိုးနဲ့ အတူ တခြားသော အနုပညာရှင် ညီအကိုမောင်နှမတွေလည်း သီချင်းလေးတွေ သီဆိုဖျော်ဖြေခဲ့ကြပြီး တကယ့်ကို ပျော် စရာကောင်းတဲ့ နေတိုးအတွက် ဂုဏ်ပြုပွဲညလေး ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း အပျော်လေး တွေကူးပျော်ရွှင်နိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


source thar nyi

No comments

Powered by Blogger.