နာမည်ကြီးနေတဲ့ ဂရုချက်နဲ့ ပတ်သတ်ပီး ဝန်ခံလိုက်တဲ့ နေမင်း
သရုပ်ဆောင် နေမင်း တစ်ယောက်ကတော့ ဖေ့စ်ဘွက် လူမှုကွန်ယက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂရုချက်ကိစ္စ တကယ်ဖြစ်ခဲ့ကြောင်း ဖွင့်ချပြောဆို လိုက်ပါတယ်။ ပရိတ်သတ် အားပေးမှု တခဲနက် ရရှိနေတဲ့ ဇဏ်ခီနဲ့ ခရစ်စတီနာခီတို့ရဲ့ အတင်းတွေကို အနုပညာရှင်တွေ အုပ်စုဖွဲ့ပြီး အတင်းအဖျင်း ပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီ ဂရုချက်ထဲမှာ ရုပ်ရှင် ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဇာဂနာ၊ ကိုပေါက်၊ ညိုမင်းလွင်၊ နေမင်း၊ သင်ဇာနွယ်ဝင်း၊ သင်ဇာမြင့်မိုရ်၊ ကျော်ကျော်၊ စိုးမြတ်နန္ဒာ စတဲ့ အနုပညာရှင်များ ပါဝင်ကြပါတယ်။ ဒီသတင်းဟာ အတုလား အစစ်လား ဝေခွဲမရ ဖြစ်ခဲ့ကြပါတယ်။
ဦးဇင်ဝိုင်းက ဖြေဆိုဖို့ ငြင်းဆန်ထားပြီး၊ သင်ဇာနွယ်ဝင်း၊ ကျော်ကျော်၊ သင်ဇာမြင့်မိုရ် တို့ကလည်း ငြင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ညိုမင်းလွင်ကတော့ မငြင်းဆိုခဲ့ပေ (ခုတော့ အကောင့် ပိတ်သွားပါသည်)၊ ဒါရိုက်တာ ကိုပေါက်ကလည်း သေမယ့် အပတ်မှ စစ်ထဲ လိုက်မိတာပါ လို့ ဖွင့်ပြောခဲ့ပါတယ်။
ခု နေမင်းကလည်း ဂရုချက် တကယ် လုပ်ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘွက်ပေ့ခ်ျနဲ့ အကောင့်တွေမှာ တစ်ပြိုင်နက်တည်း မနေ့ညက တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လူစိတ်ဝင်စားခဲ့တဲ့ ဒီအုပ်စုဖွဲ့ အတင်းပြောမှုဟာ ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
ပရိတ်သတ်တွေကတော့ ခီမောင်နှံ့ဘက်ကနေ အားလုံး ရပ်တည်နေကြပါတယ်။ အနုပညာအသိုင်းအဝိုင်းကိုလည်း ရစရာမရှိအောင် ထိုးနှက်နေကြတာကို တွေ့ရပါတယ်။







Post a Comment