ဥက္ကဌဦးဇင်ဝိုင်း ကိုယ်တိုင် ဂရုချက်ကိစ္စ တောင်းပန်ပီးဝန်ခံ
ပြီးခဲ့တဲ့ မတ်လ ၂၃ အကယ်ဒမီပွဲ အပြီးတည်းက အကယ်ဒမီ သတင်းထက် ပိုပြီး စိတ်ဝင်စားခဲ့ကြတဲ့ ဂရုချက် ကိစ္စကို ယနေ့ မတ်လ ၂၆ ရက် ရုပ်ရှင် အစည်းအရုံးမှာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာတော့ ရုပ်ရှင် ဥက္ကဋ္ဌကိုယ်တိုင် ဝန်ခံပြီး ခရစ်စတီးနာခီနဲ့ ဇဏ်ခီတို့နှစ်ယောက်ကို ပြန်လည် တောင်းပန်လိုက်တယ် လို့ သိရပါတယ်။
ရုပ်ရှင် ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဦးဇာဂနာ၊ ကိုပေါက်၊ ညိုမင်းလွင်၊ ကျော်ကျော်၊ ဒါရိုက်တာ မောင်သီ၊ စိုးမြတ်နန္ဒာ၊ သင်ဇာနွယ်ဝင်း၊ သင်ဇာမြင့်မိုရ်၊ ခင်ဝင့်ဝါ စတဲ့ အနုပညာရှင်တွေ ပါဝင်ပြီး ယခု အောင်မြင်မှု ရနေတဲ့ ခီမောင်နှံကို အတင်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကို အစကတော့ ငြင်းဆိုခဲ့ကြပြီး ခုတော့ လူကြီးတွေက ဝန်ခံ လိုက်ပြီပဲ ဖြစ်ပါတယ်။
ပရိတ်သတ် ကတော့ အင်မတန် ဒေါသထွက် ခဲ့ကြပါတယ်။ ဒီဂရု နဂိုတည်းက ရှိတယ်။ ကျွန်တော်တို့ လောက ဖွံ့ဖြိုး တိုးတက်ဖို့အတွက်၊ ကျွန်တော် သတင်းစကား ပါးဖို့အတွက် ကျွန်တော် ကိုယ်တိုင်ပဲ သုံးခဲ့တယ်။ အဲ့ဒီညမှာ သွေးဆူစရာ ဖြစ်စေတဲ့ အပြင်က စခရင်ချော့တွေ သုံးလေးခု ပို့လာပါတယ်။ ပို့လာပြီးတော့မှ သွေးဆူတယ်။ ကျွန်တော် ထိန်းသိမ်းခဲ့တယ်။ သင်တန်းတွေ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။
သို့သော် ပေါက်ကြားသွားတယ်။ အတွင်းစည်းမှာ ပြောတဲ့ဥစ္စာကို ပေါက်ကြားတယ် လို့ ဦးဇင်ဝိုင်းက ဝန်ခံခဲ့ပါတယ်။ ယခု ပါဝင်ခဲ့တဲ့ ဒီ ၁၁ ယောက်ရဲ့ကိုယ်စား တောင်းပန်ပါတယ် လို့လည်း ဦးဇင်ဝိုင်းက ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စဟာ ရုပ်ရှင် လောကသားတွေကို အင်မတန်မှ ရုပ်ဆိုး အကျဉ်းတန်စေတဲ့ ကိစ္စလည်း ဖြစ်ခဲ့ပါတယ်။
source credit







Post a Comment