ဒီလိုမိန်းမနဲ့ ဒီလိုယောက်ကျာ်းကို ရွံတယ်
ဒီလိုမိန်းမကို ရွံတယ်...
ချစ်တယ်လို့ ပါးစပ်က ပြောပီး ယောင်္ကျား တစ်ယောက်ဆီက ရသမျှ အခွင့်အရေးကို အကုန်ယူတတ်တဲ့ မိန်းမမျိုးကို ရွံတယ် ...!!!
ချစ်တယ်လို့ ပြောလာတဲ့ ယောင်္ကျားတိုင်းကို ချစ်တယ်လို့ လွယ်လွယ်လေး ပြန်ဖြေတတ်တဲ့ မိန်းမမျိုးကို ရွံတယ်.!!!
မိန်းမသားဆိုတဲ့ အားနွဲ့တဲ့ အရာကို အကြောင်းပြပီး အရာအားလုံးကို နောက်က မှီတွယ်နေတတ်တဲ့ ခပ်ညံ့ညံ့ မိန်းမမျိုးကို ရွံတယ် ...!!!
အပြစ်ဖြစ်သွားရင် မှားသွားရင် မျက်ရည်တွေကျ တောင်းပန်ပါတယ် ပြောပီး နောက်လည်း ထပ်ခါထပ်ခါ မှားနေတတ်တဲ့ မိန်းမမျိုးကို ရွံတယ် ...!!!
မိန်းကလေးပဲ လှချင်တာပေါ့ ဆိုတဲ့ စကားလုံးကိုသုံးပီး ရှိသမျှ သဘာဝအလှတွေကို လူတောထဲမှာ ထုတ်ပြ လူတွေငေးတာကို အဟုတ်မှတ် ကျေနပ်နေတတ်တဲ့ မိန်းမမျိုးကို ရွံတယ် ...!!!
ဘဝမှာ လိုအပ်တဲ့ အခက်အခဲကို ငွေဆိုတဲ့ တစ်မျက်နှာကို ကြည့်ပီး မိမိရဲ့ သိက္ခာကို ချနင်းရဲတဲ့ မိန်းမမျိုးကို ရွံတယ် ...!!!
ငွေရဖို့အတွက်ဆိုရင် ဘဝမှာ ဘာကိုမှ အလေးမထားဘဲ မိမိ ခန္ဓာကိုယ်ကိုပင် ကြိုက်ဈေးခေါ် ရောင်းကုန်လုပ်တတ်တဲ့ ခပ်နိမ့်နိမ့် မိန်းမမျိုးကို ရွံတယ် ...!!!
လက်ရှိတစ်ယောက်နှင့် နှစ်ပါးသွားလို့မှ မပြီးသေး နောက်တစ်ယောက် အတွက် ဇယားရွှေ့တတ်တဲ့ မျက်နှာ ခပ်များများ ဇယားခပ်ရှုပ်ရှုပ်လုပ်တဲ့ မိန်းမမျိုးကို ရွံတယ် ...!!!
ပြောလိုက်ရင် အကြီးကြီးပြော လုပ်လိုက်ရင် စောက်တလွဲတွေနှင့် အခြေအနေမကောင်းရင် ဒူးထောက်ဖို့ ဝန်မလေးတတ်တဲ့ မရှက်တတ်တဲ့ မိန်းမမျိုးကို ရွံတယ် ...!!!
အသာရရင် ပေတံစုံတိုင်းလို့ တန်ဖိုးတွေပြ စကားအလှတွေသုံးပီး လူကို လူလိုမထင်နိုင်အောင် မောက်မာတတ်ပီး မိမိအတွက် အခွင့်အရေး ရမယ်ဆိုရင် ဘာမဆို လာထားဆိုတဲ့ အရှက်မရှိတဲ့ မိန်းမမျိုးကို ရွံတယ် ...!!!
မိန်းမဆိုတာ... မေတ္တာစိတ်တွေပြည့် စာနာစိတ်တွေနှင့် ယဉ်ကျေး သိက္ခာရှိတဲ့ အလှတရားတွေကို မြတ်နိုးတတ်ပီး မာနမပါတဲ့ စကားတွေကိုသုံး ယုံကြည်မှု အပြည့်နဲ့ ဘဝမှာ ထည်ထည် ဝါဝါ ရပ်တည်ရှင်သန်မှ တန်ဖိုးရှိတဲ့ မိန်းမတစ်ယောက် ဖြစ်မှာပါ ...!!!
ဒီလိုယောင်္ကျားကို ရွံတယ် ...
ချစ်တယ်ဆိုတဲ့ စကားလေး တစ်ခွန်းကို ရင်းပီး မိန်းမသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဖဲ့ခြွေဖို့ ကြိုးစားတဲ့ ယောင်္ကျားမျိုးကို ရွံ့တယ် !!!
စိတ်ချပါလို့ လွယ်လွယ်လေး ပြောပီး စိတ်မချစရာတွေ အကြိမ်ကြိမ်လုပ်တဲ့ ယောင်္ကျားမျိုးကို ရွံ့တယ် !!!
ငါ ယောင်္ကျားပါဟာ ကတိပေးပါတယ် ဆိုပီး ယုံကြည်မှုကို အလွဲသုံးစား လုပ်တတ်တဲ့ ယောင်္ကျားမျိုးကို ရွံတယ် !!!!
ပါးစပ်ပြောလိုက်ရင် ပင်လယ်ကူးမလို တောင်တွေဘဲ ဖြိုမလိုနှင့် တစ်ကယ်တမ်းမှာ ဘာဇမှ မရှိဘဲ သတ္တိနည်းတဲ့ ယောင်္ကျားမျိုးကို ရွံတယ် !!!
လူတွေ လေးစားအောင် အကြီးကြီးတွေ ပြောပီး အတွင်းစိတ်က နိမ့်ကျပီး အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားတဲ့ ယောင်္ကျားမျိုးကို ရွံတယ် !!!
လိုအပ်ရင် ဒူးထောက်မတတ် မလိုအပ်ရင် တစ်လောကလုံးက သူ့လုပ်စာစားနေရတဲ့ ဘဝလေဟပ် ရုပ်မျိုးနဲ့ ယောင်္ကျားမျိုးကို ရွံတယ် !!!!
ယောင်္ကျားဆိုတာ... ပြောရင်ပြတ် လုပ်ရင် အရှင်း ကတိတည်ခြင်းနှင့် ရှင်သန်မှ တန်ဖိုးရှိတယ် !!!!
စာဖတ်သူအားလုံးကျေးဇူးပါ။ Kurneair Zion #Kz:-)(MH)

Post a Comment