သင့်ကိုချစ်တယ်လို့ ပြောတာဟာ သူ့ကိုအနိုင်ယူခိုင်းတာ မဟုတ်ဘူး
သင့်ကို ချစ်တယ်လို့ ပြောတာဟာ... သူ့ကို လှည့်စားပါလို့ ပြောတာ မဟုတ်ဘူး.. သိပ်ပြီးတော့ မလှည့်စားနဲ့…
သင့်ကို ချစ်တယ်လို့ ပြောတာဟာ သူ့ကို အနိုင်ယူပါလို့ ပြောတာ မဟုတ်ဘူး.. သိပ်ပြီးတော့ မနိုင်စားနဲ့…
သင့်ကို ချစ်တယ်လို့ ပြောတာဟာ... သူ့ကို အလေးမထားပဲ ပစ်ထားပါ လို့ ပြောတာ မဟုတ်ဘူး.. သိပ်ပြီးတော့ ပြစ်မထားနဲ့...
သင့်ကို ချစ်တယ်လို့ ပြောတာဟာ သူ့ကို ချုပ်နှောင်ပါလို့ ပြောတာ မဟုတ်ဘူး.. သိပ်ပြီးတော့ မချုပ်ချယ်နဲ့ …
သင့်ကို ချစ်တယ်လို့ ပြောတာဟာ သူ့ကျောကို ဓါးနဲ့ထိုးပါလို့ ပြောတာ မဟုတ်ဘူး.. လက်နက်ပုန်းတွေ သိပ်မသုံးနဲ့…
သင့်ကို ချစ်တယ်လို့ ပြောတာဟာ သူ့ကိုယ်ရေး ကိုယ်တာတွေကို ဝင်စွက်ဖက်ပါလို့ ပြောတာ မဟုတ်ဘူး.. သိပ်ပြီးတော့ မစပ်စုနဲ့…
သင့်ကို ချစ်တယ်လို့ ပြောတာဟာ သူ့ဘဝကို ခြယ်လှယ်ချင်သလို ခြယ်လှယ်ပါလို့ ပြောတာမဟုတ်ဘူး.. သိပ်ပြီးတော့ ကြိုးမကိုင်နဲ့…
သင့်ကို ချစ်တယ်လို့ ပြောတာဟာ သင်ဘာလုပ်လုပ် ခွင့်လွှတ်ပေးတယ်လို့ ပြောတာမဟုတ်ဘူး.. စိတ်ကုန်သွားစေမယ့် လုပ်ရပ်မျိုးတွေကို မလုပ်မိစေနဲ့…
တကယ်တော့ တစ်ယောက်ယောက်က သင့်ကို ချစ်တယ်လို့ ပြောတာဟာ...
'' သူ့ဘဝရဲ့လက်ကျန်အချိန်တွေကို သင်နဲ့အတူ ကုန်ဆုံးချင်တယ်.. တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုတွေ ထားကြမယ်။ အပြန်အလှန် ဖေးမ,ကြင်နာမှုတွေ ပေးကြမယ်။ အပြန်အလှန် လေးစားမှု ရှိကြမယ်။ အပြန်အလှန် စောင့်စည်းမှု ရှိကြမယ်။ အပြန်အလှန် တိုင်တိုင်ပင်ပင်နဲ့ နေကြမယ် လို့ ပြောချင်တာမျိုးပါ…
ချစ်တယ်လို့ အပြောခံရတိုင်း '' သြော်… သူ့ဘဝကို ငါ့လက်ထဲ ထိုးကျွေးနေတာပဲ။ ဘယ်လို သြဇာပေးလိုက်မယ်။ ဘယ်လို နားပူနားဆာလုပ်လိုက်မယ်။ ဘယ်လို လှည့်ပတ်ရစ်လိုက်မယ် ဆိုတဲ့ အတွေးမျိုးကို မတွေးမိစေနဲ့။ လူအချို့ ချစ်လျက်နဲ့ ဝေးသွားကြတယ်..
ချစ်လျက်နဲ့ လမ်းခွဲလိုက်ရတယ် ဆိုတာ တစ်ယောက်အပေါ်မှာ တစ်ယောက် ထားသင့်တဲ့ ဘောင်တွေ စည်းတွေကို စည်းမဲ့ကမ်းမဲ့ ကျော်လွန်လိုက်ကြလို့ပါ…
Kurneair Zion #Kz:-)Sme



Post a Comment