လမ်းခွဲရအောင်ဆိုတဲ့ စကားကို နောက်နေတာလားလို့ အရှက်မရှိ မေးဖူးတယ်
အကွက်လေးတွေ လှခဲ့တယ် 😂
~~~~~~~~~~~~~~~~~
လမ်းခွဲရအောင် ဆိုတဲ့ စကားကို… နောက်နေတာ မလားလို့ အရှက်မရှိ မေးဖူးတယ်။😂
မချစ်တော့ဘူး ဆိုတဲ့ စကားကို… စ နေတာလို့ ထင်ခဲ့ဖူးတယ်။😂
မေ့လိုက်တော့ ဆိုတဲ့ စကားကို… ကိုယ့်ကို မနာကျင်စေချင်လို့ လို့ တွေးဖူးတယ်။😂
မအားဘူးလို့ ပြောတာကို… ကိုယ်နဲ့ စကားမပြောချင် လို့မှန်း မသိပဲ တကယ် မအားတာလို့ နားလည်ပေး ခဲ့ဖူးတယ်။😂
တသက်လုံး ချစ်ပါ့မယ် ဆိုတဲ့ စကားကို… တကယ် ဆိုပြီး ယုံကြည်ခဲ့ဖူးတယ်။😂
မခွဲဘူးနော် ဆိုတဲ့ စကားကြောင့်… စုံလုံးကန်းပြီး ဖက်တွယ်ခဲ့ဖူးတယ်။😂
မထားခဲ့ပါနဲ့ ဆိုတဲ့ စကားကြောင့်… သနားတွေပိုပြီး အချစ်တွေ ပုံပေးဖူးတယ်။😂
ပြန်လာခဲ့မယ် ဆိုတဲ့ စကားကြောင့်… သစ္စာရှိရှိ စောင့်နေခဲ့ဖူးတယ်။😂
နောက်ဆုံးတော့လည်း.. ငါ မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အဆင်ပြေနေတာပဲ…!😂
အဲ့ဒါကိုပဲ ငါ့ကို မနာကျင်စေချင်လို့ ထားခဲ့တာ ဆိုပြီး အကွက်လေးတွေ ရွှေ့သွားတာ သိပ်လှတယ်…!! 😂🔫
©®♥ Gray

Post a Comment