သင် ဗုဒ္ဓဟူးသားသမီးကို ချစ်သူတော်မယ်ဆိုရင်
ဗုဒ္ဓဟူး သားသမီးလေးတွေကို ချစ်သူ တော်မယ် ဆိုရင်...
ဗုဒ္ဓဟူး သားသမီးလေး တွေကတော့ အရမ်း စိတ်ကြီးတဲ့ သူတွေ ဖြစ်ပါတယ်.. သူတို့လေးတွေက ညဏ်ကောင်းသလောက် အပျင်းကြီးတဲ့ သူတွေလည်း ဖြစ်တယ်.... ဒါကြောင့် ပညာရေးမှာဖြစ်ဖြစ် စီးပွားရေးမှာ ဖြစ်ဖြစ် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး... ဒါကြောင့် အောင်မြင်ဖို့ဆို ကြိုးစားအားထုတ်မှု လေးတွေ ရှိမှ ဖြစ်မယ်...
အမှန်တရားကို လက် ခံတယ်.. ဒါပေမဲ့ သူတို့လေးတွေ ဆီမှာ ဘယ်သူကိုမှ မပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိနေတတ်ကြတယ်.... တစ်ယောက်ထဲ နေရတာကိုပဲ သဘောကျတယ်... အပေါင်းအသင်း သိပ်မရှိပေမဲ့ မိတ်ဆွေ ပေါတယ်.... သူတစ်ပါး အကူအညီ လိုရင် ပေးတတ်ကြပေမဲ့ ကိုယ်က သူတစ်ပါးဆီကို အကူအညီ မတောင်းတတ်ကြဘူး....... (များ သောအားဖြင့်ပေါ့)
ဒါကြောင့် အားနာကြီးတယ် လို့ ပြောရမယ်.. အနုပညာ ဝါသနာကြီးတယ်... အနုပညာ ထဲမှာမှ ဂီတကို ပိုပြီး ရူးသွပ် ကြတယ်.... တစ်ခါတစ်လေ ကိုယ့်ကိုကို အထီးကျန် နေသလိုမျိုး ခံစားရတတ်တယ်.... အချစ်ရေးမှာ အသင့်သင့်ပဲ... ချစ်သူခင်သူ ပေါပေမဲ့ တစ်ယောက်ဆို တစ်ယောက် သစ္စာ ရှိတတ်ကြတယ်..
စိတ် နာသွားရင်လည်း လှည့်မကြည့် တတ်ကြဘူး... အချစ်ကို မရူးသွပ်ဘူး.. မကိုးကွယ်ဘူး.... ဒါကြောင့် အချစ်နဲ့ ပတ်သက်ပြီး အရမ်းကြီး မခံစားရတတ်ဘူး... စကားနည်း လေ့ရှိပေမဲ့ သူတို့ပြောချင်ရင် စက် သေနတ်ပစ်သလို တရစပ် ပြောနေလေ့ ရှိတယ် (သူတို့ ရင်းနှီးတဲ့ သူ တွေကိုပဲ).. ခပ်တည်တည် နေတတ်တဲ့ အကျင့်ကြောင့် မာနကြီးသလို အထင်ခံ ရတတ်တယ်...
မိသားစုမှာ ဝိုင်းပြီး ဂရုစိုက် ခံရတတ်တယ်.. စိတ်အရမ်းကြီးတယ် ဒါ့ကြောင့် ဒေါသကြီးတယ် လို့ ထင်ရတယ်.. သူတို့လေးတွေရဲ့ အထူးခြားဆုံး အချက်က လက်တွေ့ ဆန်ဆန် ဘဝကိုပဲ နှစ်သက်တတ်ကြတာပါ... မှန်ရင် share သွားနော်...
credit to original



Post a Comment