" ချစ်သော ညီမလေး သိပါစေ "
♚ လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ 
♚ ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ 
♚ ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင် ပြချင်နေရင်တော့ 
မိန်းကလေးတွေ ရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုး ထိုးပြရမလဲ
ခုခေတ်ကြီးမှာပေါ့ ကွယ်
♚ သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာ မလိုဘူး
♚ မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ် ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ
♚ စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်
♚ စောင့်ထိန်းရမဲ့  သိက္ခာ
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ
အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင် စကားလုံး အဆင်ပြေပြေ သုံးနိုင်မယ် မထင်ဘူး
♚ တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ
ဂုဏ်ယူချင်တဲ့  စိတ်
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ
♚ ကျားတို့  သဘာဝ
တပ်မက်စိတ်က လွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် 
♚ ယောက်ျားလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာ ရောက်နေသေးရင်
အိမ်ပြေး စကားလုံးထက် ပိုမရဘူး
♚ မိန်းကလေး တစ်ယောက်
ညနက် သန်းကောင်ထိ လမ်းပေါ်မှာ ရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်
♚ ယောက်ျားလေး တစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ
ပင်ပင်ပန်းပန်း လုပ်ရတဲ့  တဒင်္ဂပဲ ရှိတယ်
♚ မိန်းကလေးတစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ် ဆိုတဲ့  စကားလုံး ထက် ပိုမရဘူး
♚ ဒီတော့ ညီမလေးရယ်
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာ ထားခွင့် ပြုနိုင်ပါစေ
♚ ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ် ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင် ပါစေကွယ်
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူး ဆိုတာ ကိုပေါ့ 
စေတနာဖြင့် .......
Credit _ OriginaL Writer
Photo _ Uni Water Fastival and Uni girl
Post a Comment