အချစ်ဆိုတာ ချစ်နေယုံနဲ့ မပြီးသေးပါဘူး...
မိန်းမလုပ်သူက သူ့ယောက်ျားကို ပြောတယ် ယောက်ျားရေ ကျွန်မဆံပင်တွေ ရှည်နေပြီ။ ကျွန်မကို ဆံပင်တွေ ညှပ်ထားဖို့ ကလစ်တစ်ခုလောက် ၀ယ်ပေးနော် တဲ့။
ယောက်ျားက ပြန်ပြောတယ် မိန်းမရယ် ငါတို့ကတစ်နေ့လုပ်မှ တစ်နေ့စားရတာလေ ငါ့နာရီလေးတောင် ကြိုးစုတ်နေတာ ခုထိ ၀ယ်မတပ်ရသေးဘူး။ ဒီတိုင်းပဲ အိပ်ကပ်ထဲ ထည့်ပြီး ကြည့်ရတာလေကွာ တဲ့။
ယောက်ျားလုပ်သူဟာ အလုပ်က ပြန်လာတော့ စဉ်းစားမိသွားတယ်။ သူ့နာရီလေး ရောင်းပြီး သူ့ဇနီးအတွက် ကလစ်လေးတစ်ခု ၀ယ်ပေးဖို့လေ။ သူ့နာရီလေးကို ဈေးနည်းနည်းနဲ့ နာရီဆိုင်တစ်ဆိုင်မှာ ရောင်းလိုက်ပြီး သူ့ဇနီးအတွက် ကလစ်တစ်ခုကို ၀ယ်လာခဲ့တယ်။
သူသာ ၀ယ်လာခဲ့တာကို သိရင် သူ့ဇနီး ပျော်နေမှာကို တွေးပြီး သူ့ခြေလှမ်းတွေဟာ တက်ကြွနေခဲ့တယ်။ ဒါပေမယ့် သူအိမ်ပြန်ရောက်တော့ သူ့အတွေးလေးလွဲသွားတယ်။ သူ့မိန်းမဟာ ဆံပင်တိုနဲ့ဖြစ်နေပြီ ။
သူ့မိန်းမက သူ့ကိုပြောတယ်။ ယောက်ျား ကျွန်မ လေ ဆံပင်တွေကို ဖြတ်ပီး ရောင်းလိုက်တယ်။ ရတဲ့ပိုက်ဆံနဲ့ ရှင့်အတွက် နာရီလေးတစ်လုံး ၀ယ်ထားတယ်တဲ့။
သူ သူ့မိန်းမကို ဖက်လိုက်တယ် သူ့မျက်ဝန်းမှာလည်း မျက်ရည်တွေ ၀ဲနေတယ်။ ပြီးတော့ သူ သူ့မိန်းမကို ပြောလိုက်တယ် ငါလေ ငါ့နာရီ အစုတ်လေးကို ရောင်းပြီး နင့်အတွက် ကလစ်လေးတစ်ခု ၀ယ်လာခဲ့တယ်တဲ့ ။
ပိုက်ဆံငွေကြွေး များစွာ မရှိပေမယ့် သူတို့ဟာ တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ကြတယ်။ အချစ်ဆိုတာက ချစ်နေရုံနဲ့မပြီးသေးပါဘူး။ တစ်ယောက်ရဲ့ လိုအပ်ချက်တစ်ယောက် ဖြည့်ဆည်းပေးဖို့ လိုတယ်။ တစ်ယောက်ကို တစ်ယောက် နားလည်မှု အပြည့်အ၀ ရှိဖို့လိုတယ်။ တစ်ယောက်အပေါ် တစ်ယောက် သစ္စာမပျက်ဖို့ လိုပါတယ်။
Cure Joy ရဲ့ Video ကို ဘာသာ ပြန်ထားခြင်းသာ ဖြစ်ပါသည်။
Credit _ ဦးငနေ
Post a Comment