ပါးသိုင်းမွှေး ၊မုတ်ဆိတ်မွှေးရှိတဲ့ ကွီးတွေနဲ့ ချစ်သူဖြစ်ခဲ့ရင်
❎ ပါးသိုင်းတွေ ၊ မုတ်ဆိတ်တွေကို ရိတ်ဖို့ ဘယ်တော့မှ မပြောမိပါစေနဲ့။
အဲ့တာအတွက် သူတို့ အချိန် အများကြီး ပေးခဲ့ရတာပါ။ ဒါ့အပြင် နေ့စဉ် နေ့တိုင်း မှန်ထဲမှာ အရိပ်တကြည့်ကြည့်နဲ့ သူတို့ မျက်နှာပေါ်မှာ ကျေကျေနပ်နပ် ထားခဲ့တဲ့ အရာဖြစ်လို့ တစ်ခြား လူတွေနဲ့ နှိုင်းယှဉ်ပြီး မုတ်ဆိတ်ရိတ်ဖို့ အကြောင်း စကားတောင် မစပါနဲ့။
❎ သူ့ မုတ်ဆိတ်တွေ ရှည်လာပြီလား လို့ ခဏခဏ မေးတဲ့အခါ စိတ်ရှည်ပါ
အဲ့ဒီ မေးခွန်းကို တစ်နေ့ထဲမှာတင် ၄ ကြိမ်လောက်ထိ မေးကောင်း မေးနိုင်ပါတယ်။ အဲ့လို မေးတိုင်းလည်း စိတ်ရှည်ရှည်နဲ့ အင်း ပိုရှည်ပြီး ကြည့်ကောင်းလာတယ် လို့ ပြန်ဖြေပေးဖို့ မမေ့ပါနဲ့။
❎ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ သွင်ပြင်မျိုးတော့ ရနိုင်မှာ မဟုတ်ပါဘူး
သင့်ချစ်သူက ယောင်္ကျားပီသမယ် ၊ အထာကျမယ် ၊ ဆွဲဆောင်မှုရှိမယ် ။ ဒါကြောင့် ကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ type မျိုးကို သဘောကျတယ်ဆိုရင်တော့ မုတ်ဆိတ်နဲ့ ကွီးတွေကို မရွေးချယ်ဖို့ အရင်သတိပေးပါရစေ။
❎ အသက်အရွယ်တွေ ပြောင်းလဲသွားလည်း ခန့်ညားနေဆဲပဲ
ချစ်သူဖြစ်လို့ နှစ်တွေအများကြီး ကြာလာခဲ့လည်း ချစ်သူဖြစ်စကလို ရုပ်ရည်သွင်ပြင်မျိုးကို ထိန်းသိမ်းထားနိုင်သူတွေပါ ။ အသက်အရွယ် ကြီးလာပေမယ့်လည်း ထူးခြားပြီး မျက်နှာ ရင့်သွားသလို မရှိပဲ အမြဲတမ်း လူကြီးလူကောင်းဆန်ဆန် စွဲဆောင်မှုရှိတတ်သူတွေပါ။
❎ ချစ်စနိုးနဲ့ ကျီစားတာလည်း ခံရတတ်ပါတယ်
အခန့်မသင့်ရင် ချစ်စနိုး ပါးသိုင်းမွှေးနဲ့ ပွတ်သပ် ကျီစားတာမျိုးလည်း ခံရတတ်နိုင်ပါသေးတယ်။ နောက်ပြီးတော့ အနမ်းပေးတဲ့အခါမှာလည်း တစ်ခြားလူတွေနဲ့ မတူညီပဲ ရင်ခုန် စိတ်လှုပ်ရှားစရာ အထိအတွေ့ကို ခံစားရနိုင်တာမလို့ ရင်ခုန်လွယ်တဲ့ ညီမလေးတွေ အနေနဲ့ ဒီတစ်ချက်တော့ သတိထားရမယ်နော်။
❎ ချစ်သူနှစ်ယောက်နဲ့ တွဲရသလိုပါပဲ
အဲ့လို ကွီးတွေအနေနဲ့ မတော်တဆများ အကြောင်းအမျိုးမျိုးကြောင့် မုတ်ဆိတ်တွေ ၊ပါးသိုင်းတွေကို ရိတ်ပစ်ခဲ့တယ် ဆိုရင်လည်း နဂိုမူရင်း မျက်နှာနဲ့ အတော်ကွဲပြားတဲ့ အသွင်အပြင်မျိုးကို ပိုင်ဆိုင်သွားကြပါတယ်။ ရှိရင်းစွဲ အသက်ထက် ပိုမို ငယ်ရွယ်သွားပုံလည်း ပေါ်တာမလို့ ချစ်သူနှစ်ယောက် တစ်ပြိုင်တည်း ရသလိုပါပဲ။
ကဲ ဘာလုပ်နေတာလဲ မုတ်ဆိတ်နဲ့ကွီးတွေကို Mention ခေါ်တော့လေ..
Credit to original
Post a Comment