Header Ads

ယောက်ျားတစ်ယောက်ကို မချစ်ရရင် သေသွားမယ့် မိန်းမမျိုးတွေထဲမှာ ကျမမပါဘူး..


ယောက်ျားတစ်ယောက်ကို မချစ်ရရင် ဒါမှမဟုတ် ယောက်ျားတစ်ယောက်နဲ့ ချစ်သူ မဖြစ်ရရင် သေသွားမယ့် မိန်းမမျိုးတွေထဲမှာ ကျမ မပါဘူး

ချစ်သူက ပစ်သွားလို့ ဒါမှမဟုတ် ချစ်သူက နောက်တစ်ယောက် ပြောင်းလို့ မျက်ဝန်းတွေ ဖောင်းမို့နေအောင် ငိုမယ့် ပျော့ညံ့ညံ့ မိန်းမတွေထဲ ကျမ မပါဘူး

ယူတောင် မယူရသေးဘဲ တွဲနေတုန်းမှာ တခြား မိန်းကလေးတွေနဲ့ မြှာပွေနေတာကို ချစ်တဲ့စိတ်နဲ့မျက်စိစုံမှိတ် အမှားလုပ်သမျှ နားလည်ပေးမယ့် ခပ်အအ မိန်းမထဲမှာကျမ မပါဘူး...

ချစ်သူကို အရွဲ့တိုက်ပြီး နောက်တယောက်တွဲ ကိုယ့်ကိုကိုယ် နာမည်ပျက်ခံမယ့် မိန်းမထဲမှာ ကျမ မပါဘူး...

ချစ်သူနဲ့ လမ်းခွဲလိုက်လို့ အရမ်းခံစားရပြီး လက်ကို ဘရိတ်ဓားနဲ့ခြစ်မယ့် ရူးမိုက်မိုက် မိန်းကလေးထဲမှာ ကျမ မပါဘူး...

ကျမရဲ့အကြီးမားဆုံး အားသာချက်က တခြားလူကို အရွဲ့တိုက်ပြီး ကိုယ့်ကိုကိုယ် ပျက်စီး အောင် ဘယ်တော့မှ မနေဘူး...

ကျမဘက်က မေတ္တာတွေ သစ္စာတွေအပြည်အဝ ပေးထားတာတောင် တန်ဖိုးမထားဘူးလား.. ရတယ် အချိန်မရွေး လမ်းခွဲရဲတယ်..  အချစ်ဆိုတာ ငမ်းငမ်းတက် ကိုးကွယ်ရမယ့် အရာမျိုးမှ မဟုတ်တာ ... မနူးမနပ် ဘယ်အရာမဆို အရမ်းချစ် အရမ်းခံစားတတ်တဲ့ အရွယ်က အတိတ်မှာ ကျန်ခဲ့ပြီ... ပစ္စုပ္ပန် နဲ့အတူ ကျမရင့်ကျက်လာပါပြီ..

Credit Original Writer

No comments

Powered by Blogger.