Header Ads

ရွှေကြာ နဲ့ မုဒြာခေါ်သံ အပေါ် မခိုင်ကြီးရဲ့ သုံးသပ်ချက်


အားလုံးက မခိုင်ကြီးလို့ ခေါ်ကြတဲ့ မင်းသမီးကြီး အကယ်ဒမီ ထွန်းအိန္ဒြာဗိုကတော့ ပရိသတ်တွေရော အနုပညာရှင် အချင်းချင်းကပါ လေးစားအားကျရတဲ့ မင်းသမီးကြီးပါ။ မခိုင်ကြီးကတော့ အခုထိလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်လက် လုပ်ကိုင်နေပြီး သဘာဝ မင်းသမီးအဖြစ် အသိအမှတ်ပြု ခံထားရသလို သရုပ်ဆောင်ရော အဆိုပိုင်းမှာပါ ထူးချွန်တဲ့ မင်းသမီးပါ။ မခိုင်ကြီးက လက်ရှိ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ “မုဒြာရဲ့ခေါ်သံ” နဲ့ ” ရွှေကြာ” အပေါ် သုံးသပ်ပြခဲ့ပါတယ်။



ဒီနှစ်ကားလုံးဟာ မတ်လ (၁၆) ရက်နေ့ တစ်ရက်တည်းမှာ ရုံပြိုင်တင်ခဲ့တာပါ။ ” မုဒြာရဲ့ခေါ်သံ ” ကိုတော့ “ ဥပါယ်တံမျဉ် ” ကားနဲ့ ပရိသတ်တွေရဲ့ ၀က်ဝက်ကွဲ အားပေးခံခဲ့ရတဲ့ လူငယ်အမျိုးသမီး ဒါရိုက်တာ ခရစ်စတီးနားခီက ရိုက်ကူးထားတာပါ။ “ရွှေကြာ” ကိုတော့ အချစ်ကားတွေကို အပြောင်မြောက်ဆုံး ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာဝိုင်းက ရိုက်ကူးထားတာပါ။


“ မုဒြာရဲ့ ခေါ်သံ” ကိုတော့ ဇဏ်ခီနဲ့ လှယဉ်ကျေး ၊ “ရွှေကြာ” ကိုတော့ မြန်မာနိုင်ငံမှာ fan အများဆုံး မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေး၊ သင်ဇာဝင့်ကျော်နဲ့ မင်းသား အလင်းရောင်တို့က ပါဝင်သရုပ်ဆောင် ထားတာပါ။ ကိုယ်စီ ပရိသတ်အခိုင်အမာ ရထားပြီး ပရိသတ်တွေကြားမှာ အုပ်စုနှစ်စုကွဲပြီး အားပြိုင်မှုတွေ များနေတဲ့ ဒီကားနဲ့ပတ်သက်ပြီး မခိုင်ကြီးကတော့ အခုလို သုံးသပ်ဝေဖန်ပြခဲ့ပါတယ်။



“ ထုတ်လုပ်ရေး လုပ်မိတော့ တင်သမျှ မြန် မာကားတွေ ကြည့်ဖြစ်တာဟာလဲ ကျမလုပ်ရမယ့် အလုပ်တွေထဲက အလုပ် တခု ဖြစ်လာပါတယ် ..ဒီရက်ပိုင်း ” မုဒြာခေါ်သံနဲ့ ရွှေကြာ ” ကို ကြည့်ဖြစ်တယ်လေ .. မုဒြာက ဇာတ်လမ်းအသားပေး မဟုတ်တဲ့ မှတ်တမ်းရုပ်ရှင်လို သဘောမျိုးကို ဇာတ်လမ်းစဉ်ပြီး ဆွဲဆောင်မှုရှိအောင် တင်ဆက်သွားနိုင်ပါတယ်.. ဇမ်ခီရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုများကိုလဲ ရင်ထဲမှာ မှတ်မှတ်ထင်ထင် ရှိလှပါတယ် …မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့ ဒေသဆိုင်ရာ အလှအပများကိုလဲ ပေါ်လွင်အောင် ဖော်ကျူးနိုင်လွန်းပါသော ခီ တို့ကိုလဲ .. လေးစားပါတယ်….



ရွှေကြာ က တော့ ဇာတ် လမ်း အသား ပေးတဲ့ ရုပ် ရှင် အမျိုးအစား ဖြစ် ပြီး ရင် ထဲ မှာ ကျေနပ် မှု အပြည့် ရခဲ့တဲ့ ဇာတ် ကား ဖြစ် ပါတယ် ..ဇာတ် လမ်း ကောင်းသလို ကြည့် ရှုသူ ရင် ထဲ အထိ ရောက် အောင် ကိုဝိုင်း ရဲ့တင် ဆက် မှုများကိုလဲ ကျေးဇူးတင် မိပါတယ် ..တစ်ဇာတ် လုံးကို မျက် ဝန်းများနဲ့ ပုံ ဖော် ပေးနိုင် တဲ့ ဖွေး ဖွေး ကိုလဲ ချီးကျူးခြင်းများစွာနဲ့ အတူ အကယ် ဒမီ ရ တော့မယ် ဆိုတာလဲ သိ နေပါတယ် .. မြန် မာ ကား များကို စိတ် ပျက် နေကြ သော ပရိတ် သတ် များ ကို လဲ ကြည့် ဖြစ် အောင် သွားကြည့် ကြပါလို့ ရဲရဲ ကြီး တိုက် တွန်းလိုပါတယ် ရှင် …” ဆိုပြီး သူမရဲ့ fb page မှာ တင်ထားပါတယ်။ မခိုင်ကြီးကတော့ ဒီနှစ် အကယ်ဒမီ ဆုပေးပွဲမှာ ဇာတ်ပို့သရုပ်ဆောင်ဆု အတွက် တစ်ပြေးစာရင်းထဲမှာ ပါဝင်နေပါတယ်။ မခိုင်ကြီးကတော့ ဒီလို သုံးသပ်ပြခဲ့ပါတယ်။ ပရိသတ်ကြီးရဲ့ အမြင်ကရော..?



from မခိုင်ကြီးရဲ့ fb

No comments

Powered by Blogger.