Header Ads

မိန်းမတော့ မိန်းမပဲ...


ကျမ က မိန်းမတော့ မိန်းမပဲ.. ကျမ ကို မုန်းနေတဲ့ သူတွေကို ရှောင်ပြေးနေမယ့် သူတော့ မဟုတ်ဘူး။

ကျမ က မိန်းမတော့ မိန်းမပဲ.. ကျမ ဝမ်းနည်းတတ်ပေမယ့် အခက်ခဲတွေနဲ့  ကြုံလာတဲ့အခါမှာ သတ္တိရှိရှိ ဖြေရှင်းရဲတယ်။

ကျမက မိန်းမတော့ မိန်းမပဲ.. ကျမ အားကိုးအားထား ဆိုတာကို အလိုရှိပေမယ့် ကိုယ့်ဘဝကိုတော့ လျှောက်လှမ်းနိုင်ပါတယ်။

ကျမက မိန်းမတော့ မိန်းမပဲ.. ကျမ အလှအပကို မက်တတ်ပေမယ့် ဆင်းရဲနွမ်းပါးမှုကိုလည်း ကြံ့ကြံ့ခံနိုင်ပါတယ်။

ကျမက မိန်းမတော့ မိန်းမပဲ.. ကျမပျော်ရွှင်တဲ့ ဘဝကို နှစ်သက်ပေမယ့် သစ္စာမရှိတာကိုတော့ လက်မခံနိုင်ပါဘူး။

ကျမက မိန်းမတော့ မိန်းမပဲ.. ကျမက make money ကို များများကြီး မရှာနိုင်ပေမယ့် ကျမတန်ဖိုးထားတဲ့ အရာတွေကို တာဝန်ကျေအောင် ကြိုးစားနေပါတယ်။

credit to Sumonpo

No comments

Powered by Blogger.