မိန်းမတစ်ယောက်ရဲ့ နားလည်နိုင်မှုကို သင်ခဏခဏ မစမ်းသပ်ပါနဲ့..
*မိန်းမတစ်ယောက်ရဲ့ နားလည်နိုင်မှုကို သင်ခဏခဏ မစမ်းပါနဲ့။ သူနားမလည်နိုင်တော့တဲ့ အချိန်ရောက်ရင် သင်ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်နဲ့
*မိန်းမတွေရဲ့ နှလုံးသားက ဖယောင်းချက်နဲ့ ပုံဖော်ထားတဲ့ ဖယောင်းရုပ် တစ်ခုလိုပါပဲ။ နူးညံ့ခြင်းပြီးရင် မာကျော တတ်လာကြတယ်
*ချစ်တယ်ပြောပြီး ပစ်ထားခဲ့တဲ့ အချိန်တွေ များလာခဲ့ရင် ၊ လွမ်းတယ်ပြောပြီး လျစ်လျူရှူထားတဲ့ အချိန်တွေ များလာခဲ့ရင် ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေကြား သူမ ရင့်ကျက်သွားခဲ့ရင်
*အရင်ကလို သင်ရဲ့ ဂရုစိုက်မှုတွေကို လိုအပ်တော့မှာ မဟုတ်ဘူး။ သင်ရဲ့ လျစ်လျူရှူမှုတွေက သူ့ရဲ့ခံနိုင်ရည်စွမ်းကို ရိုက်ချိုးခဲ့ပြီးလေ
*သင်ရဲ့ ပစ်ပယ်ထားမှုတွေက သူမကို အထိုက်အလျှောက် နေသားကျစေသွားပြီလေ
*သင် မပေးခဲ့တဲ့ အချိန်တွေအတွက် ကျခဲ့တဲ့ မျက်ရည်တွေအစား သူမရဲ့အချိန်တွေကို သူမဘဝအတွက် အရေးကြီးတယ် ထင်တဲ့ အလုပ်တွေကို ကြိုးပမ်း သွားတော့မှာပါ
*သင်မမြင်နိုင်တဲ့ သူမရဲ့တန်ဖိုးကို တစ်ခြား တစ်ယောက်ကမြင်ပြီး တန်ဖိုးထားခဲ့မယ် ဆိုရင် သင်မနာလိုမဖြစ်ပါနဲ့တော့
*မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်က သင်တို့ နားလည်နိုင်စွမ်းရဲ့ နံရံတစ်ဖက်စွန်းမှာပါ
မေတ္တာဖြင့်…
နှလုံးသားရှိသူတိုင်းခံစားတက်ပါစေ..
Credit: to original
Post a Comment