ချစ်သူတွေကို ဝေးကွာသွားစေတဲ့အချက်များ
ချစ်သူတွေဆိုတာ………
နားလည်မှုတွေ မရှိတဲ့ အခါမှာလည်း… ချစ်လျှက်နဲ့ တစ်ဖြည်းဖြည်း ဝေးကွာသွားတာပါပဲ
ချစ်သူထက် အပေါင်းအသင်းတွေ ဦးစားပေးတဲ့ အခါမှာလည်း… သည်းခံမှုတွေ ကုန်ဆုံး စိတ်ဝမ်းတွေ ကွဲစေတာပါပဲ
ဥပေက္ခာတွေ ပြုဖန်များလာတဲ့ အခါမှာလည်း… ရင်ခုန်မှုတွေ ဆိတ်သုန်း စေတာပါပဲ
ပကာသနတွေ မက်မောလာရင်လည်း… ဝေးကွာစေတာပါပဲ
ကတိသစ္စာ တန်ဖိုးမထားတဲ့ အခါမှာလည်း… ဝေးကွာစေတာပါပဲ
ရှေးရေစက် ကုန်သွားတဲ့ အခါမှာလည်း… အချစ်တွေပျယ် ဝေးကွာစေတာပါပဲ
တစ်ယောက်မြတ်နိုးမှု တစ်ယောက်က တန်ဖိုးမထားတဲ့ အခါမှာလည်း… ဝေးကွာစေတာပါပဲ
တစ်ကယ်တော့ ကိုယ်က မြတ်မြတ်နိုးနိုး ချစ်မိပြီ ဆိုရင်… ချစ်သူရဲ့ အရေးပေးမှု မြတ်နိုးမှု ကြင်နာမှု ဦးစားပေးမှုတွေ ခံယူချင်ကြတာပါပဲနော်..
ချစ်သူရဲ့ ဥပေက္ခာ ပြုလုပ်ခံရတာတွေဟာ ရင်ကွဲမတတ် နာကျင်ခံစားရတယ် ဆိုတာ… ခံစားဖူးသူတိုင်း သိကြပါလိမ့်မယ် ။ ။
credit #ရှင်မင်းညို
Post a Comment