အချစ်ကို လုံးဝမကိုးကွယ်ဘူးလို့ ပြောတဲ့မိန်းမတစ်ယောက်မှာ ဖျောက်မရတဲ့ အတိတ်က သင်ခန်းစာတွေရှိတယ်
အတိတ် တစ္ဆေ
÷÷÷÷÷÷÷÷÷÷
ဘယ်တော့မှ အချစ်ကို မကိုးကွယ်ဘူးလို့ပြောတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘာအကြောင်းတရားနဲ့မှ ဖျောက်လို့မရတဲ့ အတိတ်က သင်္ခန်းစာတွေ ရှိခဲ့ဖူးတယ်။
ဘယ်တော့မှ အချစ်ကို မယုံကြည်ဘူး လို့ပြောတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘာပဲဖြစ်ဖြစ် ယုံကြည်ရတယ်ဆိုတဲ့ ဂတိ ကြောင့် ပေးဆပ် ဖူးတယ်။
ဘယ်တော့မှ အချစ်ကြောင့် မျက်ရည်မကျဘူး ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်အချိန်ဖြစ်ဖြစ် သတိရတိုင်း ကြေကွဲမိတဲ့ နေ့စွဲတွေ ရှိခဲ့ဖူးတယ်။
ဘယ်တော့မှ အချစ်နဲ့ ဘဝကို မတည်ဆောက်ဘူး လို့ပြောတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်အခြေအနေရောက်ရောက် လက်တွဲနိုင်တယ် ဆိုတဲ့ သံယောဇဉ် တစ်ခုကြောင့် ရူးသွပ်ဖူးတယ်။
ဘယ်တော့မှ မချစ်တော့ဘူး လို့ပြောတဲ့ မိန်းမတစ်ယောက် ရဲ့ရင်ထဲမှာ ဘယ်တော့မှ ပေါင်းစည်းခွင့် မရနိုင်တော့တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။
ဘာကြောင့်မှ မချစ်တော့ဘူးလို့ ပြောတဲ့ မိန်းမတစ်ယောက်ရဲ့ရင်ထဲမှာ ဘာကြောင့်မှ နီးစပ်ခွင့် မရှိတော့တဲ့ လူ တစ်ယောက် ရှိခဲ့ဖူးတယ်။
ဘယ်သူ့မှ မချစ်တော့ဘူးလို့ ပြောတဲ့ မိန်းမ တစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်သူ့မှ အစားထိုး မပေးနိုင်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။
အချစ် လို့ တံဆိပ်မြင်တိုင်း ကျောခိုင်းချင် လောက်အောင် ဖြစ်ရတဲ့ မိန်းမတစ်ယောက်ကို ရော ဘယ်သူတွေ ခြံခုန်ထားပြစ် ခဲ့လဲ?
မိန်းမ တွေသစ္စာ မရှိကြဘူး တဲ့။ သစ္စာ ရှိတဲ့ မိန်းမကလည်း ခြံခုန် တတ်တဲ့ နွားတစ်ကောင်အနား ဘယ်တော့မှ ရောက်မလာဘူး...
💐💐💐💐Credit to: Org

Post a Comment