သမီးအတွက် ဖေဖေပြောသောစကား ☺️
📥 သမီးအတွက် 📤 ဖေဖေ ပြောသောစကား... ☺️☺️☺️
အထက်တန်းကျောင်းမှာ ရည်းစားထားရင် ကျောင်းသားနဲ့ဘဲ တွေ့မယ်....
တက္ကသိုလ်မှာ ရည်းစားထားရင် တက္ကသိုလ် ကျောင်းသားနဲ့ တွေ့မယ်....
အလုပ်ခွင်မှာ ရည်းစားထားရင် အလုပ်မှာ ကိုယ်နဲ့ တန်းတူကြိုးစားနေတဲ့ ယောကျာ်းလေးတွေနဲ့ တွေ့မယ် ..
သမီး ပညာတတ် သူဌေးမကြီး ဖြစ်တဲ့အခါ သမီးကို လိုချင်တဲ့ ဥစ္စာပေါ ရုပ်ချော သူဌေးတွေက သမီးကို ကမ်းလှမ်း လာလိမ့်မယ်.... 👥
သမီး ဖြတ်သန်းရမဲ့ ဘဝ ၁ လျှောက်လုံး သမီး ကြိုးစားရင် ကြိုးစားသလောက် ကိုယ်နဲ့ ထိုက်တဲ့သူကို တွေ့မယ်.... 👑
အသက်အရွယ် အတွေ့အကြုံ ရင့်ကျက်လာတာနဲ့ အမျှ သမီးအတွက် ရွေးချယ်စရာ ယောကျာ်းတွေ ပေါလာလိမ့်မယ်..... 👨👨👦👦
သမီး ဘဝ အတွက်ရွေးချယ်မှုဟာ သမီးပေါ်မှာဘဲ မူတည်တယ် သမီး... ကိုယ့်တန်ဖိုး နဲ့ ကိုယ့်ဂုဏ်ကို မြင့်တင်ပါသမီး...
ခုချိန်မှာ ဘယ်အရာကိုမှ မသာယာမိစေနဲ့ သမီး.... သာယာမိတဲ့ တနေ့ဟာ သမီးဘဝအတွက် ပြန်ပြင်လို့မရတဲ့ နောင်တ ဆိုတာကြီးနဲ့ ကြုံရလိမ့်မယ် သမီး...
Credit to Tin Ko Zaw

Post a Comment