ကိုပေါက်နဲ့ နေမင်း ဂရုချက်ကိစ္စ ပြိုင်တူဝန်ခံ
ဖေ့စ်ဘွက်မှာ နာမည် အင်မတန်ကြီးခဲ့ပြီး အနုပညာရှင်များစွာ အရှက်ရစရာ ဖြစ်ခဲ့တဲ့ ဂရုချက် ကိစ္စကို ဒါရိုက်တာ ကိုပေါက်နဲ့ သရုပ်ဆောင် နေမင်းတို့ အတိအလင်း အပြိုင်တူ ဝန်ခံကြောင်း ပြသလိုက်ပါတယ်။
ဂရုချက် စခရင်ချော့တွေ ပေါက်ကြား လာခဲ့ပြီးနောက် သူတို့ရဲ့ ဖေ့စ်ဘွက် အကောင့်တွေပါ အဟက်ခံခဲ့ရပြီး နောက်ထပ် စခရင်ရှော့ အသစ်တွေ ဆက်တိုက် ပေါက်လာခဲ့ပါတယ်။ အခြေအနေ အင်မတန် ဆိုးရွားနေပြီး တက်သက်နဲ့ တကိုယ် ရုပ်ပျက်ဆင်းပျက် အနိုင်လွန်းဆုံးလို့ ပြောရမယ့် အခြေအနေမှာ ဟက်ကာတွေက သူ့အကောင့်ကို ပြန်ပေးမယ် ဒါပေမယ့် သူတို့ လုပ်ခဲ့တာတွေကို အတိအလင်း ဝန်ခံရမယ်လို့ ကြေညာခဲ့ပါတယ်။
အဲ့ဒါကြောင့် ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အဆုံး ဟက်ကာတွေရဲ့ နာမည်ဖြစ်တဲ့ 9MC ဆိုတာကို ဖန်ဆိုင်းထိုးပြီး ဓာတ်ပုံရိုက်ပို့ ပေးခဲ့ကြရတာ ဖြစ်ပါတယ်။ နေမင်းကတော့ ဓာတ်ပုံသာမကပဲ ဗွီဒီယိုဖိုင် တစ်ခုပါ ပို့ပေးခဲ့ ရပါတယ်။ အကယ်ဒမီ ပေးပွဲပြီးတာနဲ့ နောက်ဆက်တွဲအဖြစ် ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့တဲ့ ခီမောင်နှံကို အုပ်စုဖွဲ့ အတင်းအဖျင်းပြောတဲ့ ဂရုချက်ဟာ အနုပညာလောကအတွက် သမိုင်းတလျှောက် အရှက်ရစရာ အကောင်းဆုံး အုပ်စုလိုက် သိက္ခာကျစရာ အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က ဒီကိစ္စကို ဝန်ချတောင်းပန်ခဲ့ရပြီး အများအပြားကတော့ ဝန်ခံနေကြပြီး ဝန်မခံသေးတဲ့ သူတွေလည်း ရှိနေပါသေးတယ်..
အောက်တွင် နေမင်း ဗီဒီယိုဖိုင် ကြည့်ရှုနိုင်သည်..







Post a Comment