ပရိသတ်တွေရဲ့ Surprise ကြောင့် အံ့သြ၀မ်းသာနေတဲ့ မြင့်မြတ်
သဘာဝ မင်းသားလေး ကိုမြင့်မြတ်တစ်ယောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တစ်ခုဖြစ်တဲ့ ဇာတ်ပို့ဆုကို ပိုင်ဆိုင် ခဲ့တဲ့အတွက် မြင့်မြတ်ရဲ့ we Love အဖွဲ့သားတွေက အချစ်တော် မင်းသားကို surprise တစ်ခု ပြုလုပ်ပေးခဲ့ ကြပါတယ်။
ဒီနှစ်ကတော့ မြင့်မြတ်ရဲ့ lucky year လို့ ပြောနေကြတဲ့ နှစ်ပါ။ သရုပ်ဆောင်မှုတွေ အရမ်းကို ပီပြင်လွန်းတဲ့ မြင့်မြတ်တစ်ယောက် အရင်နှစ်တွေက လွဲချော်ခဲ့တဲ့ ရွှေစင်ရုပ်တုကို ယခုနှစ်မှာ ရရှိခဲ့ပီး ဇနီးဖြစ်သူကလည်း သားသမီး ရတနာလေး မွေးဖွားတော့မှာ ဖြစ်လို့ မြင့်မြတ်တစ်ယောက် အရမ်းကို ပျော်ရွှင်ရမယ့် နှစ်ဖြစ်မှာ အသေအချာပါပဲ။
မြင့်မြတ် အတွက် we love ရဲ့ surprise လေးကို အားလုံး သိချင်နေကြမယ် ထင်ပါတယ်။ မြင့်မြတ်ကို အံ့သြ သွားစေမယ့် surprise လေးကတော့ အကယ်ဒမီ ရွှေစင်ရုပ်တုကို 2017 acadamy Myint Myat ဆိုတဲ့ စာသားလေးတွေနဲ့ ၀ိုင်းကာ အရေပြားပေါ်မှာ ဆေးစက်ချပီး ဂုဏ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။
Fan တွေ ၀မ်းသာပျော်ရွှင် နေကြသလို မြင့်မြတ်ကလည်း ( ကြမ်းကုန်ပီလေ We Love တွေ ကျေးဇူး အထူးတင်ပါတယ် ) ဆိုပီး ဖေ့ဘုတ်မှာ တင်ထားပီး ပရိသတ်တွေရဲ့ ဂုဏ်ပြု ဆေးစက်ချ ပုံလေးတွေနဲ့ အတူ ဖော်ပြပေးထားတာ တွေ့ရပါတယ်။ မြင့်မြတ်ရဲ့ အကယ်ဒမီ ကျေးဇူးတင်စကားမှာလည်း ညီလေး ညီမလေးတို့ရေ ဆိုပီး သူ့ရဲ့ we love အဖွဲ့သားတွေ ကို မမေ့မလျော့ ပြောကြားခဲ့တာကြောင့် ပရိသတ်ကို လေးစားတန်ဖိုးထားတယ် ဆိုတာ ပေါ်လွင်နေပါတယ်။
ပရိသတ်တွေကလည်းချစ် ပရိသတ်တွေကိုလည်း ချစ်တဲ့ မြင့်မြတ်တစ်ယောက် မကြာခင် လူ့လောက ရောက်လာမယ့် သူ့ရဲ့ ရင်သွေးလေးအတွက်လည်း ရင်ခုန်မျော်လင့် နေမှာ အသေအချာပဲ ဖြစ်ပါတယ်။










Post a Comment