Header Ads

ကိုယ့်ချစ်သူမိန်းကလေးကို စိတ်ချမ်းသာအောင်ထားနည်း


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

1) သူ ပြောချင်တာကို နားထောင်ပေးပါ ❤

စကားပြောတဲ့ အခါ သူ့ကို ဦးစားပေးပါ။ ကိုယ်ပြောချင်တာကို ဖြေးဖြေးနဲ့ အေးဆေးပြောသလို သူပြောတဲ့ အခါလည်း သေချာ နားထောင်ပါ။

ဥပမာ- သူ့ငယ်ဘဝ အကြောင်းပြောတဲ့ အခါမျိုးမှာ ဂရုစိုက် နားထောင်ပါ။ သိချင်ချင် မသိချင်ချင် ထွေရာလေးပါး လျှောက်မေးပါ။ 😂
👇

2) လက်ဆောင်ပေးပါ ❤

ပစ္စည်းတန်ဖိုး ဈေးပေါတာ ဈေးကြီးတာ အဓိကမဟုတ် ✌ ကိုယ်ပေးချင်တဲ့ အရာရဲ့ တန်ဖိုးကို သူနားလည်အောင် ရှင်းပြပါ။ ဘယ်နေရာ ခရီးထွက်ထွက် သူ့အတွက် လက်ဆောင်တစ်ခု ပါပါစေ။
👇

3) သူ့ သူငယ်ချင်းတွေနဲ့ အဆင်ပြေပါစေ ❤

မိန်းကလေးဆိုတာ သူငယ်ချင်းတွေကို တွယ်တာတယ်။ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ သဟဇာတ ဖြစ်အောင် ရယ်ရယ်မောမော နေပါ။ နှာကြောင် ခိုင်းတာ မဟုတ် xD
👇

4) စိတ်ဝင်စားပြပါ ❤

သူ စိတ်ဝင်စားတဲ့ အရာတစ်ခု အပေါ် ကိုယ်လဲ စိတ်ဝင်စားဟန် ပြပါ။ ဟုတ်တာ မဟုတ်တာ အပထား 😝
👇

5) အချိန်တစ်ခု သတ်မှတ်ပါ ❤

အားသည်ဖြစ်စေ မအားသည်ဖြစ်စေ သူ့အတွက် သီးသန့် အချိန်ပေးပါ။ ချိန်းပြီးရင်လဲ အတတ်နိုင်ဆုံး အချိန်မှန်ပါ။
👇


6) ခရီးထွက် ကြည့်ပါ

နှစ်ယောက်ထဲ သွားခိုင်းတာ မဟုတ် xD သူ့ သူငယ်ချင်း ကိုယ့် သူငယ်ချင်းစုပြီး ခရီးတို ထွက်ပါ။ လွတ်လပ်ပေါ့ပါးတဲ့ ချစ်ခြင်းကို ခံစားရမှာပါ။
👇


7) ဘဝအတွက် ပြင်ဆင်ပါ ❤

အနာဂတ်ကို ဘယ်လို ဖန်တီးမည် ဖြစ်ကြောင်း ရှေရေးအတွက် ဘယ်လို ပြင်ဆင် ထားကြောင်း ပြောပါ။ လက်တွေ့လဲ တကယ်ဖြစ်အောင် လုပ်ပြပါ။

ချစ်သူတိုင်း ပျော်ရွှင်စွာ ဘဝခရီး ဆက်နိုင်ကြပါစေ။😚

.......................
crd#Love_Shop

No comments

Powered by Blogger.