ကမ္ဘာ့အကောင်းဆုံး ချစ်နည်း
အဝေးကနေပဲ ခိုးပြီး ချစ်ကြည့် လိုက်စမ်းပါ။ အရမ်းကို ခံစားရ သက်သာတယ်။ ပြီးတော့ အဲ့ဒီ feel က ဘယ်လို အရသာနဲ့မှ လဲ လို့ မရဘူး ။
သူ့ ကို သတိရတဲ့ အချိန်ဆို ဘယ်သူမှ ခယပြီး သိနေစရာ မလိုဘူး။ ကိုယ့်ကိုကိုယ်ပဲ သိနေလိမ့်မယ် ။ ခံစားချက်လေးကို ရင်ထဲမှာ သိမ်းထားရတာ မရိုးမရွလေးနဲ့ ။ သိပ်ခံစားလို့ ကောင်းပါ့။
သူ့ကို ချစ်ပါတယ် ဆိုပြီး ကိုယ့်ခံစားချက်တွေ သူသိနေဖို့ နည်းမျိုးစုံ နဲ့ ချပြနေစရာ မလိုဘူး။ ကိုယ်တစ်ယောက်ထဲပဲ သိတယ် ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ချိပ်ပိတ် ထားရတဲ့ အရသာက တစ်ကယ့်ရှယ် ပေါ့။
ကိုယ် ချစ်တာ သူ သိသွားရင် ကိုယ့်အပေါ်မှာ ဒုက္ခ လှလှလေးတွေ ရလာတော့မှာ ။ သူ မာန်တွေ တက်လာတော့မယ်။ အထာတွေ ကိုင်လာတော့မယ် ။ ချေတယ် ဆိုတာ ကိုယ် ချစ်နေတာ သူ စ ,သိသွားတဲ့ အချိန် က စတာပဲ ။
ဒါ့ကြောင့် သူ့ ကို သတိရကြောင်းနဲ့ ချစ်တဲ့ အကြောင်းတွေ သူ့ကို တစ်စက်ကလေးတောင် မသိစေနဲ့ ။ သူခိုးကျင့် သူခိုးအကြံနဲ့ပဲ ခိုး , ချစ်လိုက်စမ်းပါ။
အနည်းဆုံးတော့ သူ့ရဲ့ ဥပေက္ခာ ပြု ခံရတာတွေကို ခံနေစရာ မလိုတော့ဘူး။ ကိုယ့်ဘာသာ တိတ်တိတ်လေး နေမယ် ။ အေးဆေးလေး သူ့ကို ချစ်မယ် ။ သူ့အတွက် နေရာတစ်ခုက ခိုးချစ်နေရရင်ကို ကျေနပ်လိုက်စမ်းပါ။
ကိုယ့်ရဲ့ ခံစားချက်တွေကို ရေစုန်မှာ ကားယားအိပ်ပြီး မျှောခိုင်းနေတာ မဟုတ်ဘူး။ သူ့ကို ပိုင်ဆိုင်ခွင့် မရတော့ဘူး ဆိုပြီးတော့လည်း ပင့်သက်တွေ ရှိုက်မနေနဲ့ ။
သူခိုးကျင့် သူခိုးကြံနဲ့ ချစ်တယ် ဆိုတဲ့ ရည်ရွယ်ချက်က ရရင် ရသလို အလစ်သုတ်နိုင်ရမယ် ဆိုတာ အဓိကပဲ ။ (မျက်လုံးလေးများ လည်သွားသလား ဟမ့် . .)
ကိုယ်ချစ်တဲ့ သူကို ကိုယ်က ဖွန်ကြောင်နေမှန်း တစ်စက်ကလေးမှ (လုံးဝ ) မသိစေဘူး။ ဒါပေမဲ့ သူ့အနားလေးမှာ အမြဲ အသင့် ရှိနေရမယ် ။
အေး . . . အခြေအနေကောင်းတာနဲ့ တစ်ခါထဲ ရရင် ရသလို ၊ လစ်ရင်လစ်သလို. . . အလစ်သုတ်နိုင်ရမှာ ကိုယ့်တာဝန်. . . ငိ ငိ . . .။
သူခိုးကျင့် သူခိုးကြံနဲ့ ခိုးချစ်နိုင်ကြပါစေ ။
crd ®ခဲတံ® (သူခိုးကြီးများ ခေါင်းဆောင်)
Post a Comment