V-Day မတိုင်မှီ အသည်းကွဲသွားတဲ့ မြန်မာဂိုးသမားလေး ဆန်းဆက်နိုင်
မြန်မာဘောလုံး ပရိသတ်ကြီးရဲ့ အချစ်တော် ဂိုးသမားလေး ဆန်းဆက်နိုင်ဟာ ဗယ်လင်တိုင်းဒေး မတိုင်ခင်မှာပဲ သူချစ်ရတဲ့ ကောင်မလေးနဲ့ လမ်းခွဲပြတ်စဲ သွားခဲ့ရရှာပါတယ်။ အကြောင်း အရင်းကို ထုတ်မပြောခဲ့ကြပေမယ့် ဆန်းဆက်နိုင်နဲ့ သူရဲ့ ချစ်သူ ကူးကူးလို့ ချစ်စနိုးခေါ်ကြတဲ့ နန်းနှင်းနန္ဒာအေးတို့ နှစ်ယောက် စလုံးရဲ့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ လမ်းခွဲလိုက်ကြပြီ လို့ အဓိပ္ပါယ်ဆန်ဆန် စာသားတွေကို ရေးတင်ခဲ့ကြပါတယ်။
နောက်ဆုံးသတင်း တွေအရတော့ သူတို့ အမှန်တကယ် လမ်းခွဲလိုက်ကြပြီ ဆိုတာပါပဲ။ လှပတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်ရဲ့ အဆုံးသတ်ပေါ့။ ဆန်းဆက်နိုင်တို့ရဲ့ ချစ်သက်တမ်းဟာ မကြာသေးဘူးလို့ ဆိုရမှာပါ။ မလေးရှားဆီးဂိမ်းမှာ ဆန်းဆက်နိုင် အချိန်ကာလအားဖြင့် လက်စွမ်းတွေပြပြီး အတောက်ပဆုံး ဖြစ်နေတဲ့ အချိန်မှာ ဒီချစ်ဇာတ်လမ်းလေး အစပျိုးခဲ့တာပါ။
ကူးကူးဟာ စင်ကာပူမှာ နေထိုင်တာဖြစ်ပြီး ကွာလာလမ်ပူကို ဘောလုံးပွဲ လာကြည့်ရင်း ကူကူးနဲ့ ဆန်းဆက်နိုင်တို့ရဲ့ နှစ်ယောက်တွဲ ရိုက်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့ နှံ့ လာခဲ့တာပါ။ အားလုံးထင်တဲ့အတိုင်း တကယ်ဖြစ်လာပါတယ်။ ဆန်းဆက်နိုင် မလေးရှား ဆီးဂိမ်းကကနေ ရန်ကုန်ကို ပြန်လာပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် တွဲနေကြပြီဆိုတဲ့ သတင်းတွေ ထွက်လာပါတော့တယ်။
ဒါပေမယ့် အနေဝေးနေတဲ့ ချစ်သူတွေအဖို့ Relationship တစ်ခုကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ကူးကူးက စင်္ကာပူမှာ နေထိုင်သူုဖြစ်ပြီး ဆန်းဆက်နိုင်က ရန်ကုန်မှာ နေထိုင်သူဖြစ်တဲ့အတွက် LDRS ဘဝကို သူတို အနေနဲ့ ဆက်လက်ခံစားနိုင်ခြင်း မရှိတော့ဘူး ထင်ပါရဲ့။ အခုတော့ သူတို့ပြတ်သွားကြပါပြီ။
ဂိုးသမားလေး ဆန်းဆက်နိုင် အတွက် ချောကလက် မစားရတဲ့ ဗယ်လင်တိုင်း တစ်ခုဖြစ်သွားရပါပြီ။ ဆန်းဆက်နိုင်ဟာ လောလောဆယ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ အတူ ဘာလီ ယူနိုက်တက်နဲ့ AFC Cupပြိုင်ပွဲကန်ဖို့ အင်ဒိုနီးရှားကို ရောက်နေပါတယ်။ စင်င်္ကာပူက ကောင်မလေးကျွေးတဲ့ ချောကလက် မစားရလည်းအင်ဒိုသူလေးကျွေးတဲ့ ချောကလက် စားခဲ့ပေါ့နော် မြန်မာဂိုးသမားလေးရေ...
source san satt naing














Post a Comment