💑 ဒီအချက်တွေကို ပိုင်ဆိုင်ထားရင်တော့ သင်တို့ရဲ့ Relationship ဟာ ကောင်းမွန်ပြည့်စုံနေပါပြီ
💓💓💓💓💓💓💓💓💑
ချစ်သူ သက်တမ်း ကြာလာတာနဲ့ အမျှ ချစ်သူရည်းစား တစ်ဦးနဲ့ တစ်ဦးကြားမှာ အပြန်အလှန် ချစ်မြတ်နိုးတာလေး တစ်ခုနဲ့တင် မလုံလောက်တော့ပါဘူး။ ချစ်ခြင်း မေတ္တာတရားဟာ နှစ်ဦးကြားမှာ အင်မတန် လိုအပ်လှတယ် ဆိုပေမယ့် ရေရှည် လက်တွဲမယ့် RS တစ်ခုမှာတော့ အခြားအရာတွေကိုပါ ထပ်မံ လိုအပ်လို့ လာပါပြီ ။ ဘယ်လို အရာတွေလည်း ဆိုတာကိုတော့ အောက်မှာ ကြည့်လိုက်ကြရအောင်နော် ။
💘 အပြန်အလှန် လေးစားမှု
ချစ်သူ သမီးရည်းစား ဖြစ်သွားရုံနဲ့ ဘယ်သူက ဘယ်သူ့ကို အမြဲတမ်း အလျော့ပေး နေရမယ် လို့ တရားသေ သတ်မှတ်ထားလို့ မရပါဘူး။ တစ်ဦးရဲ့ ပြသနာကို တစ်ဦးက နားလည်မှု ရှိရှိနဲ့ ကြိုးစားညှိယူရင်း အပြန်အလှန် လေးစားမှုလည်း ထားဖို့ လိုအပ်ပါတယ်။
💘 ကိုယ်ပိုင်အချိန်
မြန်မာနိုင်ငံက ချစ်သူစုံတွဲ တော်တော်များများဟာ တစ်ဦးနဲ့ တစ်ဦး သီးသန့်Privacy တွေ၊ ကိုယ်ပိုင် အချိန်တွေ ပေးတာမျိုး နည်းပါး လှပါတယ်။ တစ်ဦးရဲ့ ဘ၀ထဲကို တစ်ဦးက လုံးလုံးလျားလျား ၀င်ရောက် စွတ်ဖက်လိုကြပြီး တားမြစ် ပိတ်ပင်တာမျိုး တွေထိကိုပါ လုပ်ဆောင် တတ်ကြပါတယ် ။ တကယ်တမ်း ဆိုရင်တော့ ချစ်သူစုံတွဲ မကလို့ အိမ်ထောင်ကျသွားသည် ထိတောင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကိုယ်ပိုင် space လေးတွေ ထားပေးဖို့ အထူး လိုအပ်ပါတယ်။
💘 ရိုးသားမှု
အချိန်ကြာလာတဲ့ RS တစ်ခုမှာ တစ်ဦးနဲ့ တစ်ဦး သစ္စာရှိရှိနဲ့ အပြန်အလှန် ရိုးသားကြဖို့လည်း သိပ်ကို လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား သိက္ခာကို ကိုယ်တိုင်သာ စောင့်ထိန်းရင်း ကိုယ့် ပါတနာ အပေါ်မှာလည်း ကိုယ်ချင်းစာတရား ရှေ့ထားပြီး ထည့်သွင်း စဉ်းစားပေး တတ်ရပါမယ်။
💘 ရင့်ကျက်မှု
တစ်ဦးနဲ့ တစ်ဦး ဘ၀တစ်လျှောက်လုံး အတူ လက်တွဲတော့မယ် လို့ စဉ်းစားထားပြီ ဆိုရင်တော့ ဘယ်ပြသနာကိုမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်စွာ ဖြေရှင်းတတ်ဖို့ လိုအပ်လာပါပြီ။ ရေရှည်အတွက် စီမံကိန်းတွေ၊ မျှော်လင့်ချက် အိမ်မက်တွေကို နှစ်ယောက်အတူ စိတ်ကူးပုံဖော်ရင်း ကလေးဆန်ဆန် အတွေးတွေကို လျှော့နိုင်သမျှလျှော့ဖို့ အချိန်တန်ပါပြီ။
ဒီစာလေးကို ကြိုက်နှစ်သက်ခဲ့တယ် ဆိုရင် Like ၊ Share လုပ်ခဲ့ဖို့ မမေ့နဲ့အုံးနော်
credit to upupmm



Post a Comment