Header Ads

မင်းကို မချစ်နိုင်တဲ့ လူတစ်ယောက်ဆီက လှည့်ထွက်လာလိုက်ပါ


သူက မင်းကို ကြည်ဖြူနေမယ်။ ဒါဆိုရင်တော့ မင်းဆီက သူတစ်ခုခုတော့ မျှော်လင့်ထားလို့ နေမယ် ။ မင်းဆီက ရစရာ မရှိတော့တဲ့ တစ်နေ့ မင်းကိုသူ စွန့်ခွာသွားလိမ့်မယ် ။

ရိုး အ လွန်းတဲ့ မင်းကို လူတွေက ချစ်ခင်ကြတယ်။ သူတို့ခိုင်းသမျှ  မင်းလုပ်ပေးနေတဲ့ အချိန်ကာလ တစ်ခုထိပေါ့ ။ မင်းရဲ့ အနားကို မလိုပြုံးတွေနဲ့ ချဉ်းကပ်လာတဲ့ လိုသုံး တွေလည်း ရှိတယ် ။ " သူများပြောတာ မယုံနဲ့ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ " ဆိုတဲ့  ဆိုရိုးစကားကို မင်း သတိရနေရင် အတော်အတန်တော့ မင်း စိတ်ချမ်းသာ နေလိမ့်မယ် ။

အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တဲ့အခါ ဟန်ဆောင်တတ်သူတွေက နိုင်တတ်တယ်။ ရိုးသားသူတွေ ရှုံးတတ်တယ်။ ဒါပေမယ့် ခဏပဲဆိုတာ မင်းနားလည်ထားဖို့ သိပ်အရေးကြီးတယ် ။

မင်းရဲ့အရှေ့မှာ အတုယူစရာတွေ အများကြီး ရှိတယ်။ အတုယူတယ် ဆိုတိုင်းလည်း တွေ့ကရာ အကုန် လိုက်လုပ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရေကြာကြာငုပ်နိုင်လို့ ဗျိုင်းဖြူတယ် ထင်ပြီး ကျီးကန်းက ရေလိုက်ငုပ်တော့ ပြန်မပေါ်လာတော့ဘူး ဆိုတာမျိုး သတိ ပညာ တွေနဲ့ ဆင်ခြင်ပြီး မင်းအတုယူရမှာ ။

မင်းက တန်ဖိုး ရှိပါတယ်။ မင်းကိုယ်မင်း တန်ဖိုးရှိမှန်း မသိတာ... ဥပမာ.. မင်းကို မလိုအပ်တော့ဘူး လို့ ထင်နေတဲ့ နေရာကနေ " ချက်ချင်း လှည့်ထွက် " လာလိုက် အဲ့ဒါ မင်းရဲ့ " တန်ဖိုး " ပဲ ။


မင်းကို မချစ်နိုင်တဲ့ လူတစ်ယောက်ဆီမှာ ခခယယ ချစ်ခွင့်ပန်နေလည်း အလကားပဲ။ လှည့်ထွက်လာလိုက်ပါ " တန်ဖိုးရှိတဲ့မင်းနဲ့ "  မတန်ဘူး ။ မင်းဆုံးဖြတ်သမျှ မင်းလုပ်သမျှ မင်းကိုယ်မင်း နှစ်သက်ပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရရင် ပျော်နိုင်မယ်ထင်တယ်။ ဒါပေမယ့်  အမှန်ဆုံးက မင်း လုပ်တာကို မင်းကြိုက်နေမှ ပျော်စရာကောင်းမှာပါ ။ ဓားကောင်းကောင်းကိုင်ချင်ရင် အမဲသွေးရတယ်။ မသွေးပဲ နေနေရင် မင်းရဲ့ဓား သံချေးတက်တော့မှာ။


မင်းကိုယ်မင်း ယုံကြည်ပါ။ သူများအပြစ်တွေကို မကြည့်ပါနဲ့ ။ " Confucius " ပြောခဲ့သလိုပေါ့

* လူတော်တွေက ကိုယ့်အပစ်ကိုယ်ရှာပီး ပြုပြင်ကြတယ် *

* လူညံ့တွေက သူများအပြစ်တွေကို လိုက်ရှာပြီး ကဲ့ရဲ့ကြတယ် * တဲ့

မေတ္တာဖြင့်
#သူသူဟိန်း
#မိုးသက်ဝေ

No comments

Powered by Blogger.