အိပ်ချင်မူးတူးနဲ့ ဆွမ်းလှူခဲ့တဲ့ ပိုပို
ပရိသတ် အခိုင်အမာ ရှိတဲ့ အဆိုတော် ပိုပိုကတော့ မနက်စောစောမှာ အလှူပြုလုပ်ခဲ့ပုံကို သူမရဲ့ ဖေ့စ်ဘုတ်မှာ ခုလို ပြောပြပါတယ်..
ဗုဒ္ဓ ရဲ့သာသနာ မြတ်စွာဘုရားရဲ့ တရားတော်တွေကို အာဂုံဆောင်ပြီး သာသနာ အဓွန့်ရှည် ပြန့်ပွားအောင် ပြုလုပ် နေသူများဟာ သံဃာတော်များသာ ဖြစ်ပါတယ်.. ထို့ကြောင့် မနက် အိပ်ချင်မူးတူး ကြက်သား အားလူး နဲ့ ပန်းဂေါ်ဖီ ဟင်းထချက် ကိုယ်တိုင် ဆွမ်းထ လှူ ဖြစ်ခဲ့ပါတယ်..
နောက်ကျရင်လဲ စာသင်နေကြတဲ့ စာသင်သား ကိုရင် ဦးဇင်းတွေကို များများ လှူဖို့ ထပ် ကြိုးစားပါ့မယ်.. ဒါမှသာသာသနာ ပြု ခြင်း အစစ်ဖြစ်ပါတယ် လို့ အသိပေး ဗဟုသုတ ပြောပေးတဲ့ အမနဲ့ မိတ်ဆွေ တွေကို ကျေးဇူးပါရှင်.. ဆိုပီး သူမရဲ့ စေတနာ သဒါတရားကို ပြောပြသွားပါတယ်..
Source Po Po





Post a Comment