💘 ဘစိုင်းပြောတဲ့ Crush ရဲ့အဓိပ္ပာယ် 💘
Crush ဆိုတဲ့ စကားလုံးကို ကျေးဇူးပြုပီး RS တွေကြားမှာ မသုံးစွဲကြပါနဲ့ 😷
Crush ဆိုတာ တိတ်တခိုး မျှော်လင့်နေတဲ့ ရင်ထဲကပန်းကို ရည်ညွှန်းတာပါ..
Crush ဆိုတာ ပြန်မချစ်နိုင်တဲ့သူကို ကိုယ်စားပြုတာပါ
Crush ဆိုတာ ဖွဲ့နွဲ့ပြလို့မရတဲ့ သဘာဝအလှရဲ့ မြင်ကွင်းပါ
Crush ဆိုတာ နှစ်ချို့ FA တွေရဲ့ အဖော်မွန်ပါ
Crush ဆိုတာ အချစ်နဲ့ မထိတွေ့ရဲလို့ ရှောင်ပုန်းနေတဲ့ အမှောင်ထဲကသူ တွေရဲ့ မိတ်ဆွေပါ..
Crush ဆိုတာ ဘယ်သူမှ မသိ..ဘယ်သူမှ မတွေ့တဲ့ ခံစားချက် ကဗျာတစ်ပုဒ်ပါ...
Crush ဆိုတာ ငြင်းပယ်ခြင်းကို မခံနိုင်လို့ တစ်ဖက်သတ် ကြွေနေတဲ့သူတွေရဲ့ လက်စွဲစကားပါ...
ဒါကြောင့်.. ချစ်သူ ရှိသွားတာနဲ့ တစ်ပြိုင်နက်ထဲ သင့်မှာ Crush ဆိုတာ မရှိတော့ပါဘူး.. သင့်ချစ်သူကလည်း သင့်ရဲ့ Crush မဟုတ်တော့ပါဘူး.. ချစ်သူက ချစ်သူ... Crush က Crush.. တစ်ကန့်စီ.. တစ်ခြားစီ.. အဖြူနဲ့ အမဲလို ကွဲသွားပါပြီ ဒါကြောင့်..
Crush ဆိုတာ ကိုယ့်ချစ်သူ ဓာတ်ပုံပေါ် စာရေးပြီး ဖော်ပြတဲ့ ပေါပေါပဲပဲ စကားလုံး မဟုတ်ပါ 😁
Crush ဆိုတာ ပေါ်တင်ပြောလို့ရတဲ့ အညံ့စား အကြောင်းအရာ မဟုတ်ပါဘူး 😁
Crush ဆိုတာ တွေ့ရာလူကို ပြောလို့ရတဲ့ အပေါစားဆန်သော အချစ်မဟုတ်ပါ 😁
ထို့ကြောင့်...
Crush ရဲ့ အနှစ်သာရအစစ်ကို FA တွေသာ ခံစားပါရစေ..😁😁
Credit Sai Sai

Post a Comment