မာနနဲ့တန်ဖိုးကို စော်ကားခဲ့ရင် သိပ်ချစ်ရတဲ့သူဖြစ်ပါစေ စွန့်လွှတ်လိုက်ပါ ညီမလေး
မိန်းမ တစ်ယောက်ရဲ့👉👧 မာနနဲ့👈 တန်ဖိုး👈 ကို စော်ကားခဲ့ရင် သိပ်ချစ်ရတဲ့ ယောကျာ်းဖြစ်ပါစေ👉👨 စွန့်လွှတ်လိုက်ပါ ညီမလေး😏
တစ်နေ့မှာ နာမည်ကြီး ဟောပြောသူ တစ်ယောက်က လူ ၂၀၀ လောက် ရှိတဲ့ ခန်းမထဲမှာ ဒေါ်လာ တစ်ရာတန် တစ်ရွက်ကို ကိုင်ပြီး စတင်လိုက်ပါတယ်။ ခန်းမထဲမှာ ရှိတဲ့ လူတွေကို ဒီ ဒေါ်လာ ၁၀၀ ကို ဘယ်သူလိုချင်လဲ … ? လိုချင်တဲ့သူတွေ လက်ထောင်လိုက်ပါ လို့ ပြောပါတယ် …
အဲဒီအချိန်မှာ အားလုံးက လက်ထောင်ပြီးတော့ လိုချင်ကြောင်း ပြကြပါတယ်။ ပရိတ်သတ်တွေထဲ က တစ်ယောက် ကို ဒီ ဒေါ်လာ ၁၀၀ ကို ပေးပါမယ် … ဒါပေမယ့် တစ်ခုတော့ လုပ်ခွင့်ပေးပါ လို့ပြောပြီးတော့ အဲဒီပိုက်ဆံကို လုံးချေလိုက်ပါတယ်။ ပြီးတော့ ဘယ်သူတွေ လိုချင်ကြသေးလဲ လို့ မေးပြန်ပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေကို မြှောက်ထားကြဆဲပါ …
ဟုတ်ပြီ … ဒါဆိုရင် … ဘာဆက်လုပ်မလဲ ကြည့်ရအောင်ဗျာ … ဆိုပြီးတော့ ပိုက်ဆံကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီးတော့ ဖိနပ်နဲ့ နင်းချေလိုက်ပါတယ် … အဲဒီကြေမွ ပေရေ နေတဲ့ ပိုက်ဆံကို ပြန်ကောက်ပြီးတော့ ဘယ်သူတွေလိုချင်သေးလဲ လို့ ထပ်မေးပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေ မြှောက်ထားဆဲပါပဲ …
အဲဒီတော့မှ ပရိတ်သတ်ကြီးကို… တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကို ပြောပြချင်လို့ပါ … ဒီပိုက်ဆံကို ဘယ်လိုပဲ နင်းချေ ညစ်ပတ်ပေရေ လုပ်လိုက်ပေမယ့် ပရိတ်သတ်ကြီးက လိုချင်နေဆဲပါပဲ … ဘာကြောင့်လဲဆိုတော့ ပိုက်ဆံကို ညစ်ပတ်ပေရေ တွန့်ကြေ သွားအောင် လုပ်လိုက်ပေမယ့် သူရဲ့ တန်ဖိုးက ပြောင်းလဲမသွားလို့ပါ …
ညီမလေ့း ဘဝမှာ အကြိမ်ပေါင်းများစွာ ပြုတ်ကျနိုင်တယ်.. ကြေမွနိုင်တယ်… ညစ်ပတ်ပေရေ သလိုမျိုး ဘဝတွေ နွမ်းပါးနိုင်တယ်။ ဘာမှ အသုံးမကျတော့ဘူး လို့တောင် ခံစားရကောင်း ခံစားရမိနိုင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ခဲ့ခဲ့… ဘာတွေပဲ ဖြစ်လာလာ ကိုယ့်ရဲ့ တန်ဖိုးတော့ မမဲ့ပါစေနဲ့ .. ဒါလေးတော့ မမေ့စေချင်ပါဘူး လို့ ပြောလိုက်ပါတယ်
ဒီအကြောင်းအရာလေးကို အင်တာနက်မှာ ဖတ်မိတဲ့အခါ ဆက်စဉ်းစားဖြစ်ပါတယ်… ပိုက်ဆံ တစ်ရွက်မှာ ၂၀၀… ၅၀၀… ၁၀၀၀.. ၅၀၀၀…. ၁၀၀၀ စသည်ဖြင့် တန်ဖိုးတွေ ရှိသလို… လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဘာလဲ… ကိုယ့်မှာ ဘယ်လိုတန်ဖိုးတွေ ရှိသင့်လဲ…
ရိုးသားမှု…
စာနာ နားလည်မှု…
တရားမျှတမှု…
ဥာဏ်ပညာ ကြီးမားမှု…
ခေါင်းဆောင်နိုင်မှု…
ပေးကမ်းစွန့်ကြဲနိုင်မှု…
ရဲရင့်မှု …
စွန့်လွှတ် အနစ်နာခံနိုင်မှု …
စတဲ့ စတဲ့ လောကပါလ တရားတွေထဲက ကိုယ့်ရဲ့ တန်ဖိုးကို ဘယ်လို သတ်မှတ်ကြမလဲ … အလေးအနက်ထားပြီး စဉ်းစားကြည့်ကြ စေချင်ပါတယ် ….
“ တန်ဖိုးရှိသော ဘဝကိုယ်စီကို ပိုင်ဆိုင် နိုင်ကြပါစေကွယ် … ”
credit to original
Post a Comment