Header Ads

ချစ်​ပြီဆိုရင်​ အားလုံးစွန့်​လွှတ်​ပြီး ရင်​ဆိုင်​တတ်ကြတာ မိန်းက​လေးတွေရဲ့ ခံယူချက်ပါ


" ညီမလေးများ သို့ "
*************
ညီမ​လေးတို့ ရေ... ဘဝမှာ လူတစ်ယောက်နဲ့ စခင်တယ် အပြင်​​မှာ တွေ့ကြတယ်​ ချစ်​သူ​တွေ ဖြစ်​ကြတယ်​ .. တ​နေ့မှာ လက်​ထပ်​ကြမယ် ​ဆိုပြီး .. စိတ်​ကူးယဉ်​ အိမ်​မက်​​တွေလည်း မက်​ဖူးတတ်ပါတယ်​ ။

ချစ်​သူ သက်​တမ်း (၆) လပြည့်​မှာ သူက နောက်​တစ်​​ယောက် ​ထပ်​တွဲတယ်​ .. သူက နောက်​တစ်​​ယောက်​နဲ့ ဖောက်​ပြန်​တယ်​ တဲ့လား .. လက်​ထပ်​ပြီးမှ မယားငယ်​ရှာတယ်​ ဆိုတာထက်​စာရင်​ ညီမ​လေး အများကြီး ကံ​ကောင်းပါတယ်​ကွယ်​ ။

သူ့ကို ဘဝ​တွေ​ပေးပြီး ချစ်​ခဲ့တယ်​ ဟုတ်​လား ! မိုက်​လိုက်​တာ လို့ မ​ပြောရက်​ပါဘူး .. လွန်​ခဲ့ပြီးခဲ့တဲ့ အ​ခြေအ​နေကို ဘာလိုမှ ပြောင်းလဲလို့မှ မရ​တော့ဘဲ .. ချစ်​လွန်းလို့ လိုက်​​လျော​ပေးခဲ့တာ မမှားဘူး .. တကယ် မယူနိုင်​ဘဲ အတူ​နေဖို့ တောင်းဆိုတဲ့ သူက ရှက်​ရမှာပါ ။

မိဘ​တွေနဲ့ အတိုက်​အခံ လုပ်​ပြီးချစ်​ခဲ့တယ်​ .. ဖြစ်​တတ်​ပါတယ်​.. တကယ်​ ချစ်​ပြီဆိုရင်​ အားလုံး စွန့်​လွှတ်​ပြီး ရင်​ဆိုင်​ဖို့ အသင့်ရှိကြတာ မိန်းက​လေး တော်​​တော်​များများရဲ့ ခံယူချက်ပါ။

ကိုယ်​တို့နှစ်​​ယောက်​ရဲ့ အ​ခြေအ​နေကို တဖက် ​မိန်းက​လေးကို ပြောပြတယ်​ .. ဟိုဘက်​ကလည်း နောက်​မဆုတ်​ဘဲ ရှေ့ဆက်​တိုးမယ် ​တဲ့လား .. တိုးပါ​စေကွယ်​ .. ကိုယ့်​ရဲ့လူက ဟိုကို ဘယ်​လိုချုပ်​ထားလဲ ကိုယ်​မှ မသိရတာ .. တဖက်​ မိန်းက​လေးကိုလည်း အပြစ်​မမြင်​ပါနဲ့ ။


ဘယ်​လိုမှ တားလို့မရလို့ ကိုယ့်လက်​ကို ကတ်​​ကြေးနဲ့ ပြန်​ထိုးသတဲ့လား .. မိုက်​ရူးရဲ ဆန်​လိုက်​တာ လို့​ပြောချင်​​ပေမယ့်​ ခံစားရလွန်းလို့ လုပ်​တယ်​ဆိုတာ  နားလည်​​ပေးလို့ ရပါတယ်​ကွယ်။

ညီမ​လေး..
ညီမ​လေးက ချစ်​သူ အတွက်​ ပူပင်​​သောက ရောက်​​နေတဲ့အချိန်​ .. ညီမ​လေးကို ကြည့်​ပြီး စိတ်​မ​ကောင်း ဖြစ်နေကြတဲ့ မိဘ ဆွေမျိုး မောင်​နှမ တွေရဲ့ မျက်​နှာကို ပြန်​မြင်ယောင်​ကြည့်​ပါ ။


ကဲ .. ဟုတ်​ပြီ.. မ​တွေး​ဘဲ ခေါင်းထဲ ရောက်​လာတတ်​တဲ့ သူတို့အ​ကြောင်းကို မစဉ်​စားမိ​အောင်​ ဘယ်​လို​နေရမလဲ ပြောပြမယ်​ ။

~သူတို့အ​ကြောင်း မ​တွေးမိ​အောင်​ ဂိမ်း ဒါမှမဟုတ်​ ကိုယ်​စိတ်​ဝင်​စားတဲ့ စာအုပ်​ တစ်​ခုခုနဲ့ အာရုံ​ပြောင်းပစ်​ပါ ။

~သူတို့ကို သတိမရ​အောင်​ အိမ်​မှာရှိတဲ့လူ​တွေ ဒါမှမဟုတ်​ သူငယ်​ချင်း​တွေနဲ့ စကားစမြည်​​ပြောပါ ။

~အဆင်​​ပြေရင်​ အလုပ်​လုပ်​တာ ဒါမှမဟုတ်​ သင်​တန်း တစ်​ခုခုကို တက်​ပါ ။

သူများအ​ကြောင်း တွေးမိတယ်​ ဆိုတာ ကိုယ့်​ရဲ့အားလပ်​ချိန်​က များ​နေလို့ပါ .. ကိုယ့်​ရဲ့ အချိန်​​တွေကို အကျိုးရှိမယ့် နေရာ​တွေမှာ သုံးပစ်​လိုက်​စမ်းပါ ။

ပြောချင်​တာက အများကြီး မဟုတ်​ဘူး .. နောက်​ ၃ လ​လောက် ​ကြာချိန်​မှာ သူတို့ နှစ်​​ယောက်​ရဲ့ ဘဝနဲ့ ကိုယ့်​ရဲ့ဘဝ ဘယ်​လိုဖြစ်​မလဲ ဆိုတဲ့ စိတ်​နဲ့ ကြိုးစားကြည့်လိုက်​ပါ ။

ယုံတယ်​ .. အဲ့ဒီအချိန်​ကျရင်​ နာကျင်​မှု​တွေ အများကြီး ခံစားခဲ့ရတဲ့ ညီမ​လေးရဲ့ဘဝက .. အရင်​ကထက်​ အစစအရာရာ အများကြီး သာ​နေလိမ့်​မယ်​လို့ ။ တခဏတာ နာကျင်​မှုကို ဘဝအတွက်​ ခွန်​အားလို အသုံးပြုတတ်​ပါ​စေ ညီမလေးရေ။

Credit to Original

No comments

Powered by Blogger.