Header Ads

ဒူးထောက်ပီး မျက်ရည်ကျပြတိုင်း 😭 တစ်သက်လုံး ချစ်မယ့်သူလို့ မထင်လိုက်ပါနဲ့


ဒူးထောက်ပီး မျက်ရည် ကျပြတိုင်း😭😭 တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်လိုက်ပါနဲ့

ကိုယ်ပြန်မချစ်လို့ နံရံကို လက်သီးနဲ့ ထိုးတိုင်းလည်း👊👊 တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်လိုက်ပါနဲ့

v day မှာ ပန်းစည်းနဲ့ ချောကလက် ပို့တိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်လိုက်ပါနဲ့

မွေးနေ့မှာ ည၁၂ နာရီ ဖုန်းဆက်တိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့

အဲ့ဒီ့လို လူမျိုးတွေကို ၁လလောက်ပဲ အဆက်အသွယ်ဖြတ်ပြီး ထားကြည့်လိုက်ပါ သေချာတယ် နောက်တစ်ယောက်နဲ့ လက်တွဲနေလောက်ပါပီ

တကယ်တော့ အပေါ်ယံ အရေခွံ ခြုံထားတဲ့ ဟန်ပန်တွေကို မသာယာဘဲ သူ့ရဲ့အတွင်းစိတ်ကို လေ့လာပီးမှ ဘဝရဲ့ လက်တွဲဖော် အဖြစ် စဉ်းစားသင့်ပါတယ်နော်

စိတ်ကစားတဲ့ အရွယ်နဲ့ ဇွတ်မိုက် အချစ်ကို ယုံပြီး ပုံအပ် မိရင် အမှားကြီး မှားသွားတတ်ပါတယ်။

အခုခေတ်မှာ အချစ်များတယ် သို့ပေမယ့် အချစ်စစ်ကတော့ အရမ်းကို ရှားသွားပါပြီကွယ်။

Credit to original

No comments

Powered by Blogger.