Online အချစ်ဆိုတာ တကယ်တော့ မျက်ကန်းအချစ်ပါ
"Online အချစ်"
***********
Online ပေါ်တွင် ခင်မင်ခဲ့ကြပီး မေတ္တာမျှတယ် ဆိုတာက တကယ်တော့ စိတ်ကူးယဉ်ဆန်မှု တစ်ခုပါ။ ဘာလို့လဲ ဆိုတော့ သူ့အကြောင်း ကိုယ်မသိ ၊ ကိုယ့်အကြောင်း သူမသိဘဲ မျက်ကန်း အချစ်မျိုးနဲ့ စုံလုံးကန်း ချစ်ခဲ့မိရင်တော့ မင်း.... မှားသွားပီ။
အချစ် ဆိုတာက နှလုံးသားရဲ့ စေခိုင်းမှုကြောင့် ဖြစ်ပေါ်လာတယ် ဆိုပေမယ့်လည်း ဦးနှောက်ရဲ့ စေခိုင်းမှု ဆိုတာ မရှိခဲ့ရင် ပျိုမှန်းမသိ ၊ အိုမှန်းမသိတဲ့ သူကို မင်းဘဝတစ်ခုလုံး ထိုးအပ်လိုက်ဖို့ ယုံကြည်မှုတွေ ရှိနေတာက မင်းခံစားရဖို့ 90 ရာခိုင်နှုန်းလောက် သေချာနေပီ ဆိုတာပါပဲ။
တစ်မြို့ထဲ ၊ တစ်ရွာထဲ နေပီး ချစ်သူဖြစ်ကာ အိမ်ထောင်ကျခဲ့တဲ့ ချစ်သူ စုံတွဲတွေတောင် အကြောင်းကံ မသင့်တဲ့အခါ ကွဲကြရသေးတာပဲ။ တစ်ယောက် အကြောင်း ၊ တစ်ယောက် စိတ်သဘောထားကို မသိတဲ့လူ အချင်းချင်း အိမ်ထောင်ပြုကြမယ် ဆိုရင် မတွေးဝံ့စရာပဲ မဟုတ်ပါလား
Online ပေါ်မှာ စိတ်လှုပ်ရှား ရင်ခုန်မှု တစ်ခုကြောင့် ဘဝတစ်ခုလုံး (သို့) အသက်တွေပါ စတေးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့သလို ဂုဏ်သိက္ခာ ကျဆင်းမှုတွေကလည်း ဒုနဲ့ဒေးပါ။ တစ်ချို့က အပျင်းပြေ အီစီကလီ လုပ်နေတာမျိုး ရှိနေတတ်တာကို တစ်ချို့က " နှလုံးသားနဲ့ခံစား ၊ အပြောတွေမှာ ပျော်ဝင် ယုံကြည်မှုတွက အစွန်းရောက်ခဲ့တော့ နူးညံ့သစ်လွင်တဲ့ နှလုံးသားနှင့် တန်ဖိုးကြီးတဲ့ ဘဝတွေ အမာရွတ် ထင်ကျန်ခဲ့ကြရတယ်။
အိမ်ထောင်ရေးနဲ့ အချစ်ရေးမှာ အရေးအကြီးဆုံး အချက်ကတော့ တစ်ယောက်အကြောင်း တစ်ယောက် လုံလောက်စွာ သိဖို့က နံပါတ်တစ်ပါ။ ရုပ်ရည် ၊ပိုင်ဆိုင်မှု ၊ ပညာ နဲ့ အလုပ်ကိုင်တွေက ဒုတိယ နေရာမှာပဲ ရှိပါလိမ့်မယ်။
မသေချာမရေရာတဲ့ လေလှိုင်းထဲက မာယာတွေကြားမှာ အသည်းစား ဘီလူးမ / အသွေးဆာလောင်နေတဲ့ မုဆိုးတွေကြောင့် ဖြူစင် ရိုးသားတဲ့ မောင်လေး ၊ ညီမလေးတို့ ဘဝတွေကို သေရာပါမည့် ဒဏ်ရာတွေ မရစေလိုပါဘူးကွယ်။
Online ပေါ်မှာ စစ်မှန်ရိုးသားတဲ့ မေတ္တာ မရှိဘူးလို့တော့ မပြောလိုပါဘူးး ။ဒါပေမယ့် သေချာတာ တစ်ခုကတော့ (၆၀ ရာခိုင်နှုန်း) လောက်က အလိမ်အညာနဲ့ မာယာတွေပေါင်းကာ နှလုံးသားချင်း လောင်းကြေးထပ်ပီး ကစားတဲ့ပွဲလို့ ဆိုလို့ရပါတယ်။
ဒါကြောင့် မောင်လေး တို့ ညီမလေးတို့ Online ပေါ်မှာ ချစ်သူရှာမယ့် အစား မိတ်ဆွေရှာပါ။ အပျင်းပြေ နှလုံးသားချင်း ကစားမည့်အစား ကောင်းနိုးရာရာ အသိပညာ ၊ အတတ်ပညာတွေ မျှဝေပါ။ ကိုယ့်ရဲ့လှပတဲ့ ရုပ်ရည်ကို ထုတ်ကြွားနေမည့်အစား လှပတဲ့ စိတ်နှလုံးသားကို အများက အတုယူနိုင်အောင် ပြသပါ။ ကိုယ့်ရဲ့ အဝေးဆုံးမှာ ရှိနေတဲ့သူကို တမ်းတနေမယ့် အစား အနီးဆုံးမှာ ရှိနေတဲ့ မိတ်ဆွေနှင့် ကိုယ် တန်ဖိုးထားရသူတွေကို ဂရုစိုက် ပေးလိုက်ပါနော်။
credit to original
Post a Comment