Header Ads

ရန်ဖြစ်ပီး ပြန်ချစ်ကြဖို့ ချစ်သူတွေလိုက်နာရမယ့် အချက်လေးများ


ချစ်သူတွေ အကြားမှာ စကားများ ရန်ဖြစ်တယ် ဆိုတာ သဘာဝ တစ်ခုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ် အယူအဆနဲ့ အကြိုက်တွေ ထပ်တူကျဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် မတူတဲ့ အမြင်တွေနဲ့ သဘောထား ကွဲလွဲ စကားများ ကြပါလိမ့်မယ်။ ဒါမယ့် ရန်ဖြစ် စကားများပြီး စိမ်းကားနေတဲ့ သင်တို့ရဲ့ ကြား က ဆက်ဆံရေးကို အလွယ်တကူ ပြန်ပြေလည်ဖို့ အတွက်တော့ ဒီအချက်လေးတွေ လိုက် နာပေးဖို့ လိုပါလိမ့်မယ်နော်။

(၁) စကားမလွန်အောင် ဂရုစိုက်ပါ


ကြမ်းကျွံရင် နုတ်လို့ ရတယ်၊ စကားကျွံရင် ပြန်နုတ်လို့ မရဘူးဆိုတဲ့ စကားပုံ ရှိပါတယ်။ ရန်ဖြစ်ပြီးတဲ့အခါ တစ်ဦးနဲ့တစ်ဦး ပြန်တွေးတိုင်း စိတ်နာနေရမယ့် စကားလုံး အသုံးအနှုန်းမျိုး၊ နစ်နစ်နာနာ ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။ ဒါကြောင့် အရမ်းစိတ်ဆိုး၊ စိတ်တိုစေမယ့် စကားမျိုးကို ကြားလိုက်ရတယ်၊ အဲ့ဒီလို အခြေ အနေကို ရောက်နေပြီဆိုရင် ရှောင်ထွက်ပါ။ စိတ်ကိုလျှော့ပါ။ စကားကို လက်လွတ်စပယ် မပြောမိပါစေနဲ့။

(၂) ဘယ်အချိန် ရပ်တန့်ရမယ် ဆိုတာ သိပါ


ငြင်းခုံနေတာတွေ သဘောထား ကွဲလွဲတာတွေက အခြေအနေ အရမ်း တင်းမာလာ တော့မယ် ဆိုရင် ရပ်လိုက်ပါ။ တစ်ခါတစ်လေမှာ အကြောင်းအရင်း ရယ်လို့ မယ်မယ်ရရ မရှိပဲ ဒီအတိုင်း စကားနိုင်လုရင်း ကိစ္စက ပိုကြီးမားသွားပြီး ပြဿနာ တက်တာတွေ ရှိပါတယ်။ ဒါကြောင့် အခြေအနေ သိပ်မကောင်းတော့ဘူး ဆိုတာနဲ့ စကားလမ်းကြောင်း လွှဲလိုက်တာပဲ ဖြစ်ဖြစ်၊ ဆက်မပြောပဲ ရပ်လိုက်တာပဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။

(၃) ကိုယ်က အနိုင်ယူဖို့ပဲ မတွေးပါနဲ့


တစ်ချို့က စကားနိုင်လု ပြောရတာကို ကြိုက်တဲ့သူတွေ ရှိပါတယ်။ တစ်ချို့ကျ ပြန်တော့လည်း အနိုင်ယူချင်တာ မဟုတ်ပေမယ့် ပြောရင်းနဲ့ အားပါပြီး အနိုင်ပိုင်း ပြောသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ချစ်သူချင်းက စကားများပြီ ဆိုရင် အခုပြောနေတာဟာ သင်ချစ်တဲ့ သူနဲ့ပါ။ ချစ်တဲ့သူချင်း ပြောကြားတဲ့ စကားဝိုင်းမှာ အမှားအမှန် ဆိုတာ မရှိပါဘူး။ အဲ့ဒီ မှားတယ်၊ မှန်တယ်ဆို တာဟာ သင်တို့ကြားက အချစ်၊ သံယောဇဉ်ေ လာက် အရေးမကြီးဘူး ဆိုတဲ့ အချက်ကို မမေ့ပါနဲ့။

(၄) ဟာသပြောပါ


သင်တို့ ကြားက ငြင်းခုန်မှုဟာ အခြေအနေ သိပ်မကောင်းတော့ဘူး ဆိုရင် သင့်ချစ်သူကို ဟာသ တစ်ခုခု ပြောပြီး ရယ်အောင် စနောက်လိုက်ပါ။ ဟာသ ကလည်း သင်တို့ ငြင်းနေတဲ့ အကြောင်းအရာနဲ့ မဆိုင်တဲ့ ဟာသအကြောင်း အရာမျိုး ဖြစ်ဖို့တော့ လိုပါတယ်။

(၅) တောင်းပန်ဖို့ ၀န်မလေးပါနဲ့


ရန်ပွဲတစ်ခု ဖြစ်ပြီဆိုတည်းက သူမှားတယ်၊ ငါမှန်တယ်လို့ တထစ်ချ တွက်မထားပါနဲ့။ နှစ်ဦးနှစ်ဖက် အပြန်အလှန် စဉ်းစားပေးပါ။ သင့်ဘက်ကနေ စဉ်းစားရင် သင်မှန်ပေမယ့် သူ့ဘက်က စဉ်းစားပြန်ရင်လည်း သူက မှန်နေ ပါလိမ့်မယ်။ ဒီတော့ ကြားချတွေးပါ။ ကိုယ်မှားတယ် ထင်ရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ ကိုယ်မှန်နေပေမယ့်လည်း သူ့ဘက်ကနေ တွေးရင် သူဒီလို ပြောတာလည်း မမှားဘူး ဆိုတဲ့ အတွေးမျိုး သင့်မှာ ရှိတယ်ဆိုရင်လည်း သင့်ဘက်ကပဲ အရင် တောင်းပန်လိုက်ပါ။

(၆) ဖက်ထားပါ


နားလည်မှုတွေ လွဲပြီး ငြင်းခုံ စကားများ နေရပြီ ဆိုရင်တော့ ကိုယ်ရှေ့မှာ ရှိနေတဲ့ ချစ်သူကို ဖက်လိုက်တာပဲ ဖြစ်ဖြစ်၊ physical contact တစ်ခုခု လုပ်လိုက်ပါ။ စိတ်တွေ ဆိုး ဒေါသတွေ ထွက်တဲ့ အဆင့်ရောက်မှ အဲ့ဒီလို သွားလုပ်ရင်တော့ သေချာပေါက် ပြန်တွန်းထုတ် ခံရပါလိမ့်မယ်။ ဒါကြောင့် အခြေအနေက မပြင်းထန်သေးပဲ အစပျိုးနေပြီ ဆိုတည်းက ဒီနည်းလမ်းကို ထုတ်သုံးမှ ထိရောက် နိုင်မှာပါ။ ဒီနည်းလမ်းဟာ မကြာခင် ပေါက်ကွဲတော့မယ့် သင်တို့အကြားက ချိန်ကိုက်ဗုံးကို တားဆီးနိုင်မယ့် အထိရောက်ဆုံး နည်းလမ်း တစ်ခုပါ။

Ref: brightside

No comments

Powered by Blogger.