Header Ads

ပိုက်ဆံ မကုန်စေပဲ လုပ်​နိုင်​တဲ့ အလှတရားများ


~~~~~~~~~~~~~

1. မနက်ဖြန် ခေါင်းလျှော်မယ်ဆို ဒီနေ့ ညဘက်မှာ အုန်းဆီများများ လူးအိပ်ပါ ( Sheryl က သံလွင်ဆီ ပိုကြိုက်တယ်) မနက်ကြ ခေါင်းလျှော်ချပါ ဆံပင်ပျော့ပြောင်းပြီး သန်လာစေပါတယ်

2. ဆံပင် အ၇ှည် မြန်ချင်၇င် အောက်ဖျားလေးတွေ ညှိပေးပါ

3. မကောင်းတဲ့ ဆံပင်တွေ တိချင်တယ် ဆို၇င် ဆံပင် အကုန်လုံးကို ပုခုံးတစ်ဖက်ထဲဘက်ကို သိမ်းယူပါ ပြီး၇င် ဆံပင်ကို ၂ပတ် ၃ပတ် လိမ်လိုက်ပါ..  လိမ်လိုက်၇င် ထိုးထိုးထောင်ထောင် ထွက်လာတဲ့ ဆံပင်အတိုအထွာ အောက်ဖျားလေးတွေ လိုက်ညှပ်ပါ

4. မိတ်ကပ် primer မ၇ှိ၇င် အလှဆီနဲ့ moisture ခရင်ရောပြီး မျက်နှာကို လူးပါ.. ပီးမှ မိတ်ကပ်လူးပါ 

5. ဆံပင်ညှပ်ကလစ် အမဲလေးတွေကို အရောင်မိုင်းလာတာ သံချေးတက် လာတာမျိုးဖြစ်လာ၇င်လက်သည်းနီလေးကို ကလစ်မှာ ဆိုးပြီး ကလစ် အသစ်တစ်ချောင်းအဖြစ် ဖန်တီးနိုင်ပါတယ်

6. ဆံပင်ကို ပိုနီတေး စီးလဲစီးချင်တယ် စီးလိုက်ရင် အရှေ့ဆံပင် က ပြားပြီးကပ်နေလို့ မလှဘူး မစီးရဲဘူး ဆို၇င် အေ၇ှ့ဆံပင်ကို အပေါ်ကို ထောင်လိုက်ပါ ပြီးရင် သွားတိုက်တံနဲ့ အပေါ် က နေ အောက်ကို ဆွဲချပါဆံပင်ပွပွ ဖောင်းဖောင်းလေး ဖြစ်သွားလိမ့်မယ် အာ့ခါမှ ပြန်စည်းပါ

7. နှာခေါင်း မဖော်တတ်၇င် အလွယ်ဆုံးနည်းက ကပ်ထူ စက္ကူကို အလယ် နှာခေါင်းရိုး အ၇ွယ် အချောင်းလေး ဖြတ်ပါ ပြီး၇င် ဖြတ်ထားတဲ့ ကတ်ထူ စက္ကူချောင်းကို နှာ၇ိုး အလယ်မှာထားပြီး ဘေးကနေ brush နဲ့ အညိုကို ကတ်ထူလိုင်းအတိုင်း ခြယ်ပါ

8. ဆံပင်ကို ဆေးမသုံးပဲ ခဏကောက်ချင်တယ် ဆိုရင် ကျစ်ဆံမြီး ကျစ်လိုက်ပါ ကျစ်ထားတဲ့ အပေါ်ကနေ  ဖြောင့်စက်နဲ့ ဖိပေးပြီး၇င် ဖြည်ချပါ.. hair wax spray ၇ှိ၇င် ဖြန်းပါ မ၇ှိလဲရပါတယ် 

9. နူတ်ခမ်းနီဆိုးလို့ ဘေးချော်သွား၇င် လက်နဲ့ မဖျက်ပါနဲ့ ပြန့်ပြီး ပိုပေတက်ပါတယ် ဂွမ်းတံလေးနဲ့ ဖျက်ပေးပါ matte type နူတ်ခမ်းနီဆို ဂွမ်းတံကို ရေ သိုာမဟုတ် မိတ်ကပ်ဖျက်ဆေး စွတ်ပြီး ဖျက်ပေးပါ အဲ့နေ၇ာကိုတော့ ပြီး၇င် ပေါင်ဒါပြန်ပုတ်ပါ ကွက်နေမှာစိုးလို့ပါ

10. two way သုံး၇ ကြိုက်တယ်ဆို၇င် အောက်ခံမိတ်ကပ်ကို cream ပါးပါးပဲလူးပါ


11. foundation လိမ်းပြီး two way လူး၇င် မျက်နှာ က ထူအမ်းပြီး ပြာသွားစေပါတယ်

12. two way မှ two way ပါပဲ ဆို၇င်တော့ အောက်က skin care တခုခုလိမ်း ပြီး ဖော့ကို ရေနဲနဲစွတ်ပြီး two way သုံးပေးပါ ဒါဆ်ု မပြာတော့ဘူးပေါ့ (skin care ...တိုနာ ...နို့၇ည်.... primer ...moisture..sun cream..) တခုခုလိမ်းတာကို ဆိုလိုတာပါ

13. အဆီပြန်၇င် မိတ်ကပ်အ၇ည် လိမ်းပေးပါ

14. အသားခြောက်၇င် မိတ်ကပ် ခရင်မ်လူးပါ

15. ဆံပင်ရှည်မြန်ချင်၇င် ကျစ်ဆံမြီး များများကျစ်ပါ


16. မိတ်ကပ်ဖျက်ဆေးမ၇ှိ၇င် အုန်းဆီ နဲ့ ဖျက်လို့၇ပါတယ် အုန်းဆီကို အဆီမဟုတ်ပဲ အခဲဆို ဖျက်၇ အဆင်ပြေပါမယ်နော် အုန်းဆီကို ဘူး အ၀ကျယ်တဲ့ ဘူးထဲထည့်ထားပြီး အဖုံးပုတ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါအေးနေ၇င် အခဲလေးတွေဖြစ်နပါလိမ့်မယ်လိုသလောက်ယူပြီး မျက်နှာမသစ်ခင် အနှံ့ သေချာပွတ်ပြီး ပြီးမှ ဆပ်ပြာနဲ့ သစ်လိုက်ပါ

17. မျက်နှာသစ်၇င် မျက်နှာသစ်ဆေးကိုညစ်ပြီး တိုက်၇ိုက် မျက်နှာပေါ် အပုံလိုက်လေး မတင်ပါနဲ့ မျက်နှာတစ်ခုလုံး မျက်နှာသစ်ဆေး မေ၇ာက်နိုင်လို့ပါ မျက်နှာသစ်ဆေးကို လက်ဖ၀ါးထဲအနည်းငယ် ညစ်ပြီး ရေနဲနဲစွတ်ကာ လက်နစ်ဖက်နဲ့ အမြူထွက်အောင် ပွတ်ပါ ပြီးမှ မျက်နှာအနှံ့ ပွတ်သစ်ပါ ပိုထိေ၇ာက်ပါတယ်

18. သွားတိုက်၇င်း သွားတိုက်တံလေးနဲ့ နူတ်ခမ်းကိုပါ အသာအယာ တိုက်ပေးနိုင်ပါတယ်

19. လိပ်စာကတ်လို ကတ်ထူ ကတ်လေးနဲ့ ပါး၇ိုးချတဲ့နေ၇ာမှာ အ၇ာပေးပြီး သုံးနိုင်ပါတယ်

20. လိပ်စာကတ်ကို masacara ကော့၇င် မျက်တောင်အပေါ်နားမှာ ထားပြီး မျက်တောင် ကော့ပေး၇င် အပေါ်ကို masacara ပေခြင်းမှ ကာကွယ်နိုင်ပါတယ်အောက်မျက်တောင်ကိုလဲ ထိုနည်းလည်းကောင်း သုံးနိုင်ပါတယ် 

21. ရေချိုး၇င် ခေါင်းလျှော်ပြီးမှ မျက်နှာ သေချာသစ်ပါ မျက်နှာသစ်ပြီးမှ ခေါင်းမလျှော်ပါနဲ့။ ခေါင်းလျှော်၇ည်က စီးကျလာတဲ့ chemical တွေက မျက်နှာအတွက် အန္တရယ် ၇ှိစေနိုင်လို့ပါ


22. ပါးနီဆိုး၇င် ပါးရိုး အပေါ်မှာပဲ၇ှိပါစေ ပါး၇ိုးအောက်ကို မကျပါစေနဲ့

23. eyeshadow ခြယ်၇င် blend လုပ်ဖို့မမေ့ပါနဲ့ (ခုထိလုပ်တတ်သေးဘူး) hee

24. Eyeliner ကို ခပ်ပါးပါးသာခြယ်ပါ အထူကြီးဆိုး၇င် မိမိ ပင်ကိုယ် ၇ှိတဲ့ မျက်ရစ်ကို ဖုံး သွားစေလို့ အလှပျက်စေလိမ့်မယ်နော် 

25. မျက်နှာအသား ပင်ကိုယ် ကွက်နေ၇င် မိတ်ကပ်နဲ့ ညီအောင် ဖြည့်လိမ်းပါ၇ှင်

26. မျက်လုံးအောက် concelar သုံးမယ်ဆို၇င် တြိဂံ ပုံစံနေ၇ာချပြီး blend လုပ်ပေးတာသဘာဝကျပါတယ်


27. အသားအ၇ည် ခြောက်သွေ့သူများ Aloe vera gel ကို အောက်ခံလူးပြီး မိတ်ကပ်လူး ၇င် အသားစိုလာစမှာပါ

28. အသားအ၇ည်ကို skin care ဘာမှ မလိမ်းနိုင်၇င်တောင် ညဘက်အိပ်ခါနီး NNO အဆီလိမ်းအိပ်ပေးပါ

29. အိပ်ခန်း သို့ မိမိ အခန်းကို သန့်သန့်၇ှင်း၇ှင်း ထားခြင်းကြောင့် စိတ်၇ွှင်စေပါတယ်သန့်၇ှင်းမူ၇ှိပါစေ

30. ညအိပ်တဲ့အခါ အတွင်းခံ တွေ့ ၀တ်မအိပ်တာ ခန္ဓာကိုယ် လွတ်လပ်ပေါ့ပါးမူပိုရှိပြီး အဆင်ပြေစေပါတယ်

31. ဈေးကြီးတဲ့ ၁သိန်း ကပ်နေတဲ့foundation တွေ ကို မ၀ယ်နိုင်လို့ ဖြစ်စေနှမြောလို့ ဖြစ်စေ ၀ယ်စ၇ာမလိုပါဘူး၁သောင်းကျော်လောက်နဲ့ brandကောင်းကောင်းလေးတွေ သုံးနိုင်ပါတယ်။ example E.l.F cosmetic Make up revolution Catrice cosmetic Dabo Cosmetic.....etc...

32. မိတ်ကပ်ကွက်တာ မိတ်ကပ် မညီတာကလဲ အသားအ၇ည်မကောင်းတာဖြစ်နိုင်သလို အသားအ၇ည်မှာ ချေးကပ်နေတာ ဖြစ်နိုင်ပါတယ် တစ်ပတ်တစ်ခါ ချေးချွတ် Scrub လုပ်ပါ ready made ချေးချွတ် gel type လေးတွေ၇ှိပါတယ်

33. နနွင်းမူန့်အနံ့ ခံနိုင်ရင် ပျား၇ည်နဲ့ နနွင်းမူန့်ရောပြီး မျက်နှာပေါ် ပေါင်းတင်နိုင်ပါတယ် အသားအ၇ည် ၀င်းမွတ်ပြီး မျက်နှာပေါ်က ဘက်တီးရီးယားတွေ သေစေနိုင်ပါတယ်

34. မျက်နှာသုတ်ပုဝါတွေကို တစ်ပတ်တစ်ခါ လျှော်ပါတစ်ယောက်တစ်ထည် သီးသန့်သုံးပါလူတိုင်း အသားအ၇ည် မတူနိုင်ပါဘူးထို့ကြောင့် အေ၇ပြား အနာတွေ ကူးစက်တာတွေဖြစ်စေနိုင်ပါတယ် ဥပမာ ပွေး ၀ဲ ညှင်း

35.မိတ်ကပ် ခြောက်ဘူးထဲက ပေါင်ဒါတို့ပတ် တွေနဲ့ သူံးမယ်ဆ်ု၇င် တို့ပတ်က အမြဲသန့်၇ှင်းနေပါစေ ၀ယ်ထဲက ပါလာတဲ့ တို့ပတ် တခုထဲကို စွဲစွဲမြဲမြဲ မသုံးပါနဲ့

36. အကောင်းဆုံး က powder puff အစား Powder brush တချောင်း ၀ယ်ထားပါ အာ့လေးနဲ့ ပေါင်ဒါတင်၇ာမှာ သုံးပါbrush က လျှော်ဖို့ လွယ်ကူပါတယ် brush set လိုက်ကြီး မ၀ယ်ချင်ဘူး မသုံးတတ်ဘူးဆို၇င်တောင် powder brush တစ်ချောင်းတော့ ၀ယ်ထားပါ တစ်ချောင်းခြင်း သီးသန့် ၀ယ်လို့၇ပါတယ်

37. မိတ်ကပ်ပစ္စည်း ထားတဲ့နေ၇ာ က အမြဲသန့်၇ှင်းမှု ရှိနေပါစေ

38. မိတ်ကပ်လိမ်း၇င် ဘယ်တော့မှ ပွတ်ဆွဲပြီး မလိမ်းပါနဲ့ အ၇ွယ် မတိုင်ခင် အသားအ၇ည် ပျက်စီးတတ်ပါတယ်

39. အ၇ွယ်မတိုင်ခင် မျက်အိတ် တွဲတာတွေ မျက်လုံးအောက် လိုင်းတွန့်တွေ ပေါ်လာတာတွေကို အသက်နှစ်ဆယ်ကျော် ထဲက Eye cream လူးပြီး ကာကွယ် နိုင်ပါတယ်၇ှင်...

Credit to original

No comments

Powered by Blogger.