ဥပါယ်တံမျဉ်လည်း မြန်မာပေါကားပဲ လို့ဆိုတဲ့ သရုပ်ဆောင်ကျော်ကျော်
သရုပ်ဆောင် ကျော်ကျော် ဟာ သူ့ရဲ့ ဖေ့ဘွတ်ခ် အကောင့်မှာ ဥပါယ်တံမျဉ် ကားလည်းပေါတာပဲ ဆိုပြီး ရေးထားပါတယ်။ ကျော်ကျော် ဟာ အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပါတယ် ။ပြောပြရဦးတော့မှာ ပေါ့ဗျာ..
မအူဝဲက #အနမ်းဝိုင် သွားကြည့်ပီး သူ့ဖာသာသူ ကြည့်လို့ကောင်းတဲ့ အချစ်ကားလေး တစ်ကားပါဆိုပီး ပုံမှန်ပဲ စာလေးရေးပီး သူ့ပုံလေးတွေ တင်ထားတယ်.. အာ့ ဘာဖစ်တုန်း.. ဒါကို #ဥပါယ်တံမျှဉ် ကြောင့် မြန်မာပေါကား သရုပ်ဆောင်တွေ ကိုယ့်ပေါကား အချင်းချင်း ဝန်းရံကုန်ပီတို့ ဘာတို့ပြောပီး တင်နေ ရေးနေကြတာတွေကတော့ အရမ်း အရမ်းကို များသွားပီ. မေးချင်တယ်ဗျာ.. ဘယ်နေရာမှာများ ပေါ နေလို့လဲ
ခုဟာက ကွကိုယ်တောင် တခြားရုပ်ရှင်တွေနဲ့ ပက်သက်ပီး ဘာမှမဟရဲပု.. နဲနဲကောင်းတယ်လို့ ပြောမိတာနဲ့ မြန်မာကားထဲက သရုပ်ဆောင်တွေ အချင်းချင်း ဥပါယ်တံမျှဉ်ကြောင့် စည်းလုံးဖို့ လိုနေပီလေး ဘာလေးနဲ့.. အဲ့ကားကရော မြန်မာကား မဟုတ်လို့လား.. မြန်မာသရုပ်ဆောင်တွေပဲသရုပ် ဆောင်ထားတာပဲလေ.. သူတို့ကရော လက်ရှိ သရုပ်ဆောင်လောကထဲက သူတွေနဲ့ တွဲဖက်ပီး ဇတ်ကားတွေ မရိုက်တော့ပုလား.. စဉ်းစားကြပေါ့ဗျာ..
နောက်တခုက ဥပါယ်တံမျှဉ် မှသာ တကယ့်စစ်မှန်တာ အနမ်းဝိုင် အပါအဝင် တခြားကားတွေကတော့ ပေါကား သွားကြည့်တဲ့ သူတွေကလဲ စောက်ပေါလို့ ပြောနေတဲ့သူတွေကို ပြောပြမယ်ဗျာ.. ဥပါတယ်တံမျှဉ်က ရိုးရိုးတန်းတန်း အိမ်ထောင်ရေး ဇတ်ကားတစ်ကားပဲ.. သရုပ်ဆောင်သစ်တွေနဲ့ တင်ဆက်ထားလို့ မြင်နေကြမဟုတ်တဲ့ ရသတစ်ခုကို ခံစားရတာပဲရှိတယ်.. ကျန်တာ သူတို့လဲ ပေါတာပဲ..
စဉ်းစားကြည့်လေ လင်ရူပ် မယားရူပ်ပီး ပိုက်ဆံတွေ လိမ်သွားတဲ့သူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စနိုက်ပါသမား လေးယောက်လောက်တောင် လာပီး ဝင်ဖမ်းတဲ့ကိစ္စက အရမ်းကို ရီရလွန်းတယ်.. နိုင်ငံတော်အဆင့်လိမ်လည်မူကြီးလဲ မဟုတ်ပု.. ကွကိုယ် စမံတက်တာကို မထိန်းနိုင်လို့ .. ကွကိုယ်တုံးအလို့ အလိမ်ခံရတဲ့ကိစ္စကို စနိုက်ပါတေ ဘာတွေနဲ့ လာပြီး ဖမ်းပြနေတာ အရမ်းကို ပေါလွန်းတယ် .. သိန်းသောင်းချီပီး လိမ်တဲ့ကိစ္စတွေတောင် အဲ့လိုဖမ်းလို့မှ မရသေးတာ.. သရုပ်ဆောင်တွေရဲ့ အိုက်တင်နဲ့ ထွက်တဲ့ အသံတွေက ဘယ်လိုမှ လမိုင်းမကပ်တာတွေ.. ထောက်ပြစရာတွေကတော့ အများကြီးပေါ့ဗျာ..
အားလုံး ပြောနေသလို စင်းလုံးချော ပြည့်စုံနေတာမျိုးတော့ မဟုတ်ပါပုဗျာ.. သူတို့လဲ ပေါနေတာပဲ.. ဒါပေမယ့် ကျနော်တို့တွေ အားလုံးက ကိုယ်ချစ်တဲ့ အနုပညာကို မတူညီတဲ့ ရူထောင့်တွေကနေ တွေးပီး ရေးပီး ပုံဖော်ပီး တင်ဆက်ကြနေတဲ့ သူတွေပါ.. လိုအပ်ချက်တွေ ထင်မြင်ယူဆချက် ကွဲလွဲမူတွေက အမြဲရှိနေဦးမှာပဲ.. ဘာလို့လဲဆိုတော့ အဆုံးမသတ်နိုင်တဲ့ အနုပညာဖြစ်နေလို့ပါ .. ဒါကို တစ်ဖက်စောင်းနင်းတဲ့ အမြင်တွေနဲ့တော့ လာပြီး မပြောကြပါနဲ့လို့ ပြောချင်တာပါ.. ကျေးဇူးတင်ပါတယ်
Post a Comment