Header Ads

အမေကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ


ညတစ်ညရဲ့အဖြစ်ပျက်လေး တစ်ခုပါ။ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးလို့ လှဲနေမိတယ်။ အသင့်အိပ်ပျော်နေရှာတဲ့ ကျွန်တော်ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာကြည့်နေရင်းကနေ အတွေး တစ်ချို့ဝင်လာပြီး တွေးနေမိတယ်။

မိန်းကလေး ဆိုတာ ဘယ်လိုပါလိမ့်?

ကျွန်တော် မင်္ဂလာ မဆောင်ခင်က မိဘအသိုင်း အဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှုအောက်မှာ ကြီးပြင်းလာခဲ့တယ်။ အခုကြ တစ်ချိန်ထဲမှာပဲ ရုတ်တရက် သိတောင် မသိထားတဲ့ သူစိမ်းတစ်ယောက်ရဲ့ ဘေးမှာ အိပ်စက်နေရပြန်တယ်။ ကျွန်တော်ကြောင့် တစ်သက်လုံး အတူနေလာခဲ့တဲ့ မိဘတွေကို စွန့်ခွာလာခဲ့ရတယ်။

ကျွန်တော့်ကို ပင်ပင်ပန်းပန်း ပြုစု ပြီးရင် ကျနော့်ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ်။ ဘယ်လိုဖြစ်လို့ တစ်ချို့ လူတွေက နှစ်ဘဝအတွက် ရည်ရွှယ်ပြီး လာခဲ့တာ သူတို့ တစ်ဘဝတောင် မကုန်သေးဘူး တစ်ယောက်နဲ့ တစ်ယောက် စိတ်ကုန်နေကြပြီ။

တချို့ လူတွေက မိန်းမနဲ့ သားသမီးတွေကို အိမ်မှာထားပြီး သူငယ်ချင်းတွေနဲ့ Hotel မှာ စားကောင်းသောက်တွေ စားနေကြတာ တစ်နေ့လုံး ယောက်ျားလာမှ အတူတူထမင်း စားမယ်ဆိုပြီး ထမင်းဝိုင်းလေး အသင့်ပြင် ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့မေ့နေရပြန်တာလဲ?

တချို့ မိန်းမအတွက်တော့ အိမ်ကိုထောင်လို သဘောထား ကိုယ်တိုင်ကြတော့ အိမ်ကို အများသုံး အိမ်သာလို လာချင်တဲ့ အချိန်လာ သွားချင်တဲ့ အချိန်သွား ဖြစ်နေရတာလဲ?


တချို့ မိမိဇနီးကို ဘယ်လိုဖြစ်လို့ မျက်ရည်စတွေနဲ့ ညတွေကို ဖြတ်သန်းစေတာလဲ?

တချို့ မိန်းမနဲ့ မိသားစုကို အချိန်မပေးဘဲ လမ်းပေါ်မှာပဲ အချိန်တွေ ကုန်ဆုံးနေကြတယ်။ မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှု ဆိုတာ သားသမီးတွေ သိခွင့်မရတော့တာ ဘာကြောင့်လဲ?

ဘယ်လိုဖြစ်လို့ ငါတို့ယောက်ျားတွေ တာဝန်ခံပြီး တာဝန်မယူ ကြတော့တာလဲ? ပြေးမယ် ဆိုလည်း ဘယ်ထိပြေးကြမလဲ?


ဒီလိုတွေ တွေးပြီး နောက်ဆုံးညမှာ ကျနော် အသိတစ်ခု ရလိုက်တယ် ။ ကျွန်တော့်မှာ အမေရှိတယ်။ ကျွန်တော့်မှာ မိန်းမလည်း ရှိတယ်။သူတို့ နှစ်ယောက်လုံးကို ဂုဏ်ယူ လေးစားသင့်တယ်။ မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်းပေါ့

သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့်ကို အသက်နဲ့ရင်းပြီး လူ့လောကကို ခေါ်ဆောင်လာခဲ့တယ်။ နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့် အနားကို လာခဲ့တဲ့သူပါ။

အမေဆိုတာလည်း တစ်ချိန်က မိန်းမဖြစ်ခဲ့တယ်။ လက်ရှိဘေးနားမှာ ရှိနေတဲ့ မိန်းမဆိုတာလည်း တစ်ချိန်ကြရင် အမေဖြစ်အုံးမှာမို့ အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ။

မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် တစ်သက်တာ ပျော်ရွှင်စွာ နေသွား ကြရပါစေ။

အမှားများရှိပါက ခွင့်လွှတ်ပေးပါရန်...

credit တြိစက္က

No comments

Powered by Blogger.