Header Ads

ပညာခန်းပါသော ရည်းစားစာ


★ ★ ★ ★ ★ ★ ★ ★ ★ ★
📝 ဒီ ရည်းစားစာလေးကို ဖတ်ကြည့်လိုက်ပါဦး

👫သူငယ်ချင်းတို့ရေ … ဒါက 👦ကောင်လေး တစ်ယောက်က သူ့ချစ်သူ💑 👧ကောင်မလေးဆီကို ပို့တဲ့ စာလေးပါ 📝……

👧ကောင်မလေး 😑အဖေက 👫သူတို့နှစ်ယောက်ကို 😕သဘောမတူဘူးလေ…. သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို 💔 ခွဲဖို့ ကြိုးစားနေတယ်ပေါ့ ….. 👧ကောင်မလေးဆီ ရည်စားစာ ✉ ပို့ရင်လည်း 👧သူမ 😑အဖေက ကြားကနေ ခိုးဖတ်ဦးမှာ 😌သိနေတယ်…….. ☝ဒီတော့ 😐ဘယ်လို လုပ်ရမလဲ ….. 😞မတတ်နိုင်ဘူးလေ…

😊 အဖေအကြိုက် ရေးပေးရ မလား??? 👧 ချစ်သူလေးအကြိုက် ရေးပေးရမလား???? 👦 ကောင်လေးရေ …🕐 ဒီလို အခြေအနေမှာဆို ဘယ်သူ့အတွက် ရေးမလဲ😑?...?...👧? 👩 ကောင်မလေးတွေရော …… ဒီလိုစာမျိုး 💑 ကိုယ့်ချစ်သူက 😶 ကိုယ့်အတွက်ပေးတယ်ဆို ဘယ်လိုခံစား ရမလဲ ..😊...😢...😠...😞....😍 ဟုတ်သော်ရှိ.. မဟုတ်သော်ရှိ… ကဲ … 📝အရင် ဖတ်ကြည့်လိုက်ပါဦးနော်…..

၁) ကောင်မလေးရေ 👧…. နင့်အတွက် ဖြစ်တည်တဲ့ ငါ့ရဲ့ ချစ်ခြင်းတွေက

၂) သေဆုံးသွားပြီဟာ… နင့်အပေါ်မချစ်မနှစ်သက်မှုတွေကသာ

၃) နင့်ကို တွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ပိုပို တိုးပွားလာတယ်....

၎) နင့်မျက်နှာကိုတောင် မကြည့်ချင်လောက်အောင် ဖြစ်နေပြီကွာ

၅) 👦ငါအဖြစ်ချင်ဆုံးတစ်ခုတည်းသောဆန္ဒက

၆) 👦(နင်ကလွဲပြီး) တခြား မိန်းကလေးတွေကိုပဲ ကြည့်နေချင်တော့ တယ်…. ငါဘယ်တော့မှ မလုပ်ချင်တဲ့အရာကတော့

၇) 👦 နင့်ကို လက်ထပ်ရမှာကိုပါ… ငါတို့နောက်ဆုံးတွေ့ဖြစ်ကြတဲ့အခေါက် ပြောခဲ့တဲ့စကားတွေက

၈) 👦 တော်တော်ကို စိတ်ပျက်ဖို့ကောင်းတယ်ကွာ…. ကောင်မလေး … ငါဘဝမှာ သေဆုံးသွားတဲ့အရာက


၉) 👦နင့်ကို အမြဲတွေ့ချင်တဲ့ မျှော်လင့်ခြင်းတွေပဲလေ…..

၁၀) 👦မင်းက မင်းအဖို့ပဲသိတဲ့ သူ

၁၁) 👦တကယ်လို့သာ ငါတို့လက်ထပ်မယ်ဆိုရင်… ငါသိတယ် ငါတွေ့ရမယ့်

၁၂) 👦 ဘဝရဲ့ ခက်ခဲခါးသီးမှု… သေဆုံးနိုင်မယ့်

၁၃) 👦 ပျော်ရွှင်ခြင်းတွေ ..(မင်းနဲ့ အတူတူနေရင်းနဲ့ပေါ့) .. ငါနှလုံးသားထဲက တစ်ခုတည်းသော အချစ်

၁၄) 👦 နင့်အတွက် လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိ ကိုပဲ

၁၅) 👦 နင့်ကို ထာဝရ ပေးချင်တယ်… ဘယ်သူကမှ နင့်လောက်

၁၆) 👦မမိုက်မဲဘူး .. တစ်ကိုယ်ကောင်မဆန်ဘူး… ပြီးတော့ နင်

၁၇) 👦ငါ့ ကို ဂရုမစိုက်ဘူး .. မကူညီနိုင်ဘူး


၁၈) 👦နင် အရိုးရှင်းဆုံး နားလည်ထားဖို့က

၁၉) 👦ငါ အမှန်တွေကိုပဲ ပြောတတ်တယ် ကောင်မလေးရယ် …ဒီတော့ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ….

၂၀) 👦ငါတို့ ဇာတ်လမ်း ပြီးဆုံးတာကို နင့်သိနေပြီ ဆိုမှတော့ ထပ်တွေ့ရဖို့.. စာတွေပို့ဖို့ .. မကြိုစားပါနဲ့တော့ဟာ….

၂၁) 👦 နင်ရဲ့ ပြန်စာတွေထဲက စကားလုံးတိုင်းဟာ

၂၂) 👦 ငါ့အတွက် စိတ်ဝင်စား ဖို့ လုံးဝ မကောင်းတော့ဘူး … မင်းမှာ မရှိနိုင်တဲ့အရာက

၂၃) 👦 ငါမျှော်လင့်တဲ့ အချစ်စစ်စစ် တွေပဲ ကောင်မလေးရေ… … အကြွင်းမဲ့ယုံပါတော့ကွာ ….

၂၄) 👦 ငါ နင့်ကို ဘယ်လိုမှ ခံစားလို့ မရဘူးတော့ဘူး ဆိုတာကိုပေါ့… ကျေးဇူးပြုပြီး ဆက်တွေး မနေနဲ့ဦးနော်

၂၅) 👦 ဘာတွေ ဘယ်လိုဖြစ်ဖြစ် ငါက မင်းရဲ့ ချစ်သူ အဖြစ် ရှိနေသေးတယ်လို့ … Bye …👐

😞 သိပ်ဆိုးတဲ့ စာဆိုပြီး .. 😠 စိတ်ဆိုးမယ် မကြံနဲ့ လေ ……😊 ဟဲဟဲ ကောင်လေးက စာမပေးခင် 👧ကောင်မလေးကို ပြောခဲ့ပါတယ် … “မ” ဂဏန်းကျတဲ့ စာကြောင်းတွေပဲ ဖတ်ပါတဲ့ (၁. ၃. ၅. ၇. ၉. ၁၁. ၁၃. ၁၅. ၁၇. ၁၉. ၂၁. ၂၃. ၂၅)…..

အဲဒါတွေက ကောင်မလေးအတွက် ပေါ့ ….. ပြန်ဖတ် လိုက်ပါဦး ….😂😂😍 ဘယ်လောက်ချိုတဲ့ အချစ်တွေလည်းဆိုတာ သိသွားအောင် နှစ်ခါဖတ်ရလို့ စိတ်မဆိုး ရဘူးနော်… 😊😝 အလွတ်ရအောင် ကျက်တယ်လို့ ပဲမှတ် … 😛

Credit to original

No comments

Powered by Blogger.