မင်းတို့ မိန်းကလေးတွေ ဒါလေးတွေတော့ သိထားပေးပါ
××××××
1) မချစ်ပါပဲနဲ့ ချစ်တယ် လို့ မလိမ်ညာပါနဲ့… မချစ်ရင် မချစ်ဘူးလို့ အစကထဲက ပြတ်သားပေးပါ ။ (ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကို ယူသင့်ပါတယ်)
2) မိန်းကလေး အများစု ပြောတတ်ကြပါတယ် … သူတို့ ဘ၀တစ်ခုလုံး ပေးအပ်လိုက်ရတာပါ တဲ့။ ယောက်ျားလေးတွေကရော …. နှလုံးသား တစ်ခုလုံး ပေးဆပ်ပြီး မချစ်ခဲ့ရလို့လား ?
3) ယောင်္ကျားလေးတွေဟာ ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့ရက်တွေထက် အဲဒီ နေ့ရက်တွေမှာ ဘာလုပ်ခဲ့တယ် ဆိုတာကို ပိုပီး သတိရတတ်တယ် … မိန်းကလေးတွေနဲ့ ကွာတဲ့အချက်ကတော့ နေ့စွဲတွေကို မှတ်တတ်တာမျိုး မဟုတ်ပါဘူး … နေ့စွဲတွေက အလွတ်ကျက် ထားလို့ ရပေမယ့် အမှတ်တရ လေးတွေကို အလွတ်ကျက်ထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
4) ရည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူ ရှိခဲ့ဖူးတာ အပြစ် မဟုတ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး အမှန်အတိုင်း ချစ်သူယောက်ျားလေးကို ပြောပြပေးပါ။ အချိန်ကြာပြီးမှ လိမ်ညာတယ် ဆိုတာ သိရတဲ့အခါ ခံစားရတဲ့သူမှာ ပိုပြီး နာကျင်စေပါတယ်။
5) ချစ်သူ ယောက်ျားလေးရှေ့ မှာ အရင်ရည်းစားဟောင်း အကြောင်းကို ခဏခဏပြောဖို့ မသင့်တော်ပါဘူး…
6) ယုံကြည်မှုပေးပါ – ယောက်ျားလေးတိုင်းဟာ အခွင့်အရေး သမားတွေ မဟုတ်ပါဘူး …လွတ်လပ်စွာ နေချင်ရုံ သက်သက်ကို ဆိတ်ကွယ်ရာလို့ မထင်မှတ်ပါနဲ့ ။
7) ယောင်္ကျားလေးတွေမှာလည်း မိန်းကလေး သူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့် ကိုယ့်ရဲ့ချစ်သူနဲ့ ယှဉ်လိုက်မယ် ဆိုရင် သူတို့ ရဲ့ ပတ်သက်မှုက ကွာခြားလွန်းပါတယ်… မောင် ၊နှမလို သဘောထားမျိုးပါ …။
8) ယောက်ျားလေးတွေက ချစ်သူ မိန်းကလေးကို လှစေချင်ကြတယ် …. လှလို့  ချစ်ခဲ့တာ မဟုတ်ပေမယ့် ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြပါတယ် ….။
9) တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက ထင်တတ်ကြတယ် … အဲလို မဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။
10) ရှိတတ်ပါသေးတယ်… မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့မှာ ကို့ချစ်သူလို့ ပြောဖို့ ၊မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေး သူငယ်ချင်းတွေ ရှေ့ မှာကျတော့ ကို့ကို ချစ်သူလို့ အသိပေးစေချင်ကြတယ် …
11) ဘ၀မှာ ရင်ဆိုင်ဖို့ အားအင်တွေ နဲ့ အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အချိန်မှာ တခါတရံ လစ်ဟာမှုလေးတွေ ရှိခဲ့ရင် နားလည်ပေးပါ … ဂရုမစိုက်တာ မဟုတ်ပါဘူး နောင်တစ်ချိန်မှာ ပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။
12) ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေ ရှိတယ်… စိတ်အတွက် ဖျော်ဖြေမှု တစ်ခုအနေနဲ့ ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့ ဘောလုံးကွင်းတစ်ခု မဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။
13) ချစ်သူ နှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေးရဲ့ တာဝန်ပါ … ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။
14) မိန်းကလေး တစ်ယောက်က ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက် အကြံဥာဏ်ပေးနိုင်ရင် ရပြီ၊ ကူညီပေးနိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ …။
15) ဥပုဒ်စောင့်တဲ့ ကျား မရှိဘူး တဲ့… မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ ထိန်းချုပ်နိုင်မှု စွမ်း၇ည်တွေက အလကား ထားတာ မဟုတ်ပါဘူး … လူ့ တန်ဖိုးရဲ့ အဆုံးအဖြတ်တွေပါ ။
16) ယောက်ျားလေးတွေရဲ့ မကောင်းတဲ့အကျင့် တစ်ခုခု ( ဆေးလိပ် ၊ အ၇က် ၊ကွမ်း) စတာတွေကို မကြိုက်ရင် ချစ်သူမိန်းကလေးက ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေးရဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။ အထက်စီးက ပြောရင်တော့ မရဘူးနော်။
17) မာန်မာန ပါပဲ …လူတိုင်း ရှိတတ်ကြတာပါ။ ယောက်ျားလေး တစ်ယောက်ရဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာ မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့မာန က မာနကြီးလှပါတယ် ဆိုတဲ့ မိန်းကလေးတွေထက် အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီ ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့ လိုတာပေါ့..
18) ယောက်ျားလေးက အလျှော့ပေးသလောက် မိန်းကလေးက အနိုင်ကျင့်နေမယ် ဆိုရင်လည်း တစ်ချိန်ချိန်မှာ လုံးဝ (လုံးဝ) မထင်ထားတာတွေ ဖြစ်တတ်ပါတယ်
19) နောက်ဆုံး တစ်ချက်ကတော့ ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုယ့်ရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ ငါ ဒီမှာ နောက်တစ်ယောက် ရနေပီလို့ မပြောမိဖို့ပါပဲ။ တစ်ချို့က သူတို့ကိုယ် သူတို့ လိပ်ပြာလုံသလိုလိုနဲ့ ဘယ်သူက သူကို လိုက်နေတယ် ဘယ်ကကောင်က သူ့ကို ဘာပြောတယ်နဲ့ သူတို့ကောင်လေးတွေကို ပြောပြတတ်ပါတယ်။ နောက်ဆုံးတော့လည်း သူတို့ကောင်လေးထက် သာတော့ ပါသွားကြတာပါပဲ
😁😁😁
Credit _ ဝါလုံးကွဲဟာသလေးများ
Post a Comment