Header Ads

သားရဲ့မင်္ဂလာဆောင်မှာ အရက်အမူးလွန်နေတဲ့ အဖေက ချွေးမကို နှုတ်ခမ်းခြင်း နမ်းရှုပ်ခဲ့


****************
သားဖြစ်သူရဲ့ မင်္ဂလာဆောင် အခမ်းအနားမှာ သတို့သားရဲ့ ဖခင်ဟာ အရက်မူးလွန်နေပြီး ချွေးမ (သတို့သမီး) ကို စင်ပေါ်သို့ ခေါ်လာရင်း စိတ်မထိန်းနိုင်ပဲ ချွေးမကို သိုင်းဖက်ကာ ပါးစပ်ချင်း နမ်းရှုပ်မှု ပြုလုပ်ခဲ့တဲ့ အတွက်ကြောင့် မင်္ဂလာဆောင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။


ဒီ အဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ခရိုင်မှာ ရှိတဲ့ Yancheng မြို့တွင် မင်္ဂလာဆောင် ပွဲတစ်ခု ကျင်းပနေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယောက္ခမက သတို့သမီးကို နမ်းရှုပ်မှု ဖြစ်ပွားချိန်မှာတော့ သတို့သမီးဘက်က ဆွေမျိုးတွေက မခံမရပ်နိုင်ဖြစ်ကာ အရက်မူး လွန်နေတဲ့ သတိုးသားရဲ့ အဖေကို ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ရန်ပွဲအသေးစား တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။


ဒါပေမယ့် နောက်ပိုင်းမှာတော့ သတိုးသားရဲ့ ဖခင် အရက်မူး လွန်ခဲ့တဲ့သူက သူ့သားရဲ့ အခုလို ခမ်းနားတဲ့ နေ့တစ်နေ့မှာ ယခုကဲ့သို့ အပြုအမူမျိုး အမှားအယွင်း ဖြစ်သွားတဲ့အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းကို တောင်းပန် စာတစ်စောင် ထုတ်ပြန်ခဲ့တယ် လို့ ဆိုပါတယ်။

ရုပ်သံကြည့်ရှုရန်..

 

source crd

No comments

Powered by Blogger.