👧 မိန်းကလေးတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် သိသင့်တဲ့အချက်များ 💓
💓💓💓💓💓💓💓💓👧
မိန်းမဆိုတာ...
ဘယ်လောက်ပဲ စီးပွားရှာဖွေ တတ်ပါစေ... မောပန်းလာရင် သူအရင်ဆုံး ရှာတာက သူချစ်သူရဲ့ လက်မောင်း တဖက် ဖြစ်ပါတယ်....
မိန်းမဆိုတာ...
ဘယ်လောက်ပဲ သူ့ ခြေထောက်ပေါ် ရပ်တည်နိုင်ပါစေ... သူချစ်တဲ့ ယောင်္ကျားရှေ့မှာ ကလေးလို ကပ်ချွဲချင် တတ်ကြတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ.. ဥစ္စာဓနတွေ ပြည့်စုံနေပါစေ... ချစ်သူက သူမ နံဘေးမှာ နေပေးတာလောက် ဘယ်အရာကမှ ပြည့်စုံတယ်လို့ မထင်ဘူး...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ အကောင်းကြိုက်သူ ဖြစ်နေပါစေ... သူမ ချစ်တဲ့ ယောင်္ကျားနဲ့ ယှဉ်လာရင် ဘာကိုမှ မတပ်မက် တတ်ကြဘူး...
ဘယ်လောက်ပဲ.. ပညာတွေ တတ်နေပါစေ... သူမ ချစ်တဲ့ ယောင်္ကျားကို ဘာမှ မသိသလိုလေး နေပြီး အားကိုးချင် တတ်ကြတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ... ချောမော နေပါစေ.. သူမချစ်သူ ရှေ့ ရောက်ရင် ပိုပီးကို လှပချင်နေ တတ်ပြန်တယ်....
မိန်းမဆိုတာ..
သူ့ ချစ်သူဆီက အချစ်ကို အကုန်ရထားတာ သိနေပေမဲ့လည်း လက်ကျန်မရှိ အပြည့်အဝကို ချစ်စေချင်တဲ့ လောဘလေးလည်း ရှိတတ်ကြသေးတယ်....
မိန်းမဆိုတာ...
ဘယ်လောက်ပဲ ကိုယ်နဲ့ စကားတွေ ပြောနေပါစေ... စကားထဲ တခြားသူ နာမည် ပါလာရင်ကို မဟုတ်မှန်း သိသိချည်းနဲ့ အူတိုတတ် ကြသေးတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ စိန်တွေ ရွှေတွေ ပေါနေပါစေ... ချစ်သူ ဝယ်ကျွေးတဲ့ ပီကေလေး တစ်ခုက စိန်ရွှေတွေထက် ပိုပီး တန်ဖိုးကြီး နေတတ်တယ်...
မိန်းမဆိုတာ...
သူ့ ချစ်သူက သူမ တယောက်တည်းကိုပဲ ချစ်တယ် ပြောနေပေမဲ့ သူမကလွဲပီး ဘယ်သူမှ မချစ်ဘူးလို့ ကြားချင်ကြ ပြန်သေးတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ.. ရင့်ကျက် နေပါစေ... သူချော့တာလေး ခံချင်လို့  အနည်းဆုံးတော့ စကား အတိုက်အခံလုပ်ပီး ဟန်ဆောင် စိတ်ဆိုးပြတတ် ကြသေးတယ်...
မိန်းမဆိုတာ ...
အပြင်က ကြည့်ရင် စိတ်မာတယ်လို့ ထင်ရတာ... တခါတလေ သူများတွေထက် နူးညံ့တဲ့ အချိန်လည်း ရှိတတ်ကြတယ်...
တကယ်တော့ ....
မိန်းမ ဆိုတာလေ.... သူချစ်တဲ့ သူနဲ့ဆိုရင်...
အရမ်းလည်း ချစ် တတ်တယ်...
အရမ်းလည်း ရစ် တတ်တယ်...
အရမ်းလည်း စိတ်ကောက် တတ်တယ်...
အရမ်းလည်း ဆိုး တတ်တယ်...
အရမ်းလည်း ချွဲ တတ်တယ်...
အရမ်းလည်း စိတ်နာ တတ်တယ်...
အရမ်းလည်း အချော့ ကြိုက်တယ်...
အရမ်းလည်း လှ ချင်တယ်...
အရမ်းလည်း အူတို တတ်တယ်...
အရမ်းလည်း ခံစား တတ်တယ်...
အရမ်းလည်း လောဘ ကြီးတယ်...
ဒါတွေကို သေချာ မသိဘဲ.... မိန်းမတစ်ယောက်ကို သင်ချစ်ဖို့ မစဉ်းစားပါနဲ့ ....😄😄😅
Credit to original


Post a Comment