ကောလိပ်ဂျပိုးဇာတ်ကားတွင် ပင်နီတိုက်ပုံဖြင့်သရုပ်ဆောင်သူ မြင့်မြတ်အား တရားစွဲဆိုမည့်သတင်းမှာ မဟုတ်မှန်
�—�— —�— —�—
ကာလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားတွင် NLD ပါတီဝင်များအား အထင်အမြင် လွဲမှားစေသည့် ပင်နီတိုက်ပုံဝတ်၍ သရုပ်ဆောင်မှု အပေါ် တရားစွဲဆိုမည် ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က News Watch သို့ ပြောသည်။
" ဖျာပုံက လွှတ်တော် ကိုယ်စားလှယ်တွေ ဒီကိစ္စ သိတောင် မသိဘူး။ ဒါကို ကျွန်တော့် မိတ်ဆွေတယောက် ဖုန်းဆက်ပြောမှ သိရတာ။ ကျွန်တော်တို့ ဖျာပုံ ကိုယ်စားလှယ်တွေနဲ့ လုံးဝ မပတ်သက်ပါဘူး။ မြင့်မြတ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် အကြောင်းလည်း မသိပါဘူး " ဟု ၄င်းက ပြောသည်။
ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားတွင် ပင်နီတိုက်ပုံဝတ်၍ အမျိုးသမီးငယ်များ အား ကာယိနြေ္ဒ ပျက်ပြားစေသည့် ဇာတ်ကွက်များဖြင့် သရုပ်ဆောင်ခဲ့သည့် အတွက် ဖျာပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်က သရုပ်ဆောင်မြင့်မြတ်အား တရားစွဲသွားမည် ဟူ၍ ဖျာပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကျော်က ပြောကြားထားကြောင်း သတင်းမှာ (ယနေ့ ) ဖေဖော်ဝါရီ ၉ ရက်တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
" သူတို့ အွန်လိုင်းမှာ ရေးထားတာ မရှင်းဘူး။ ဖျာပုံမှာက ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော် နှစ်ယောက်နဲ့ အားလုံး ကိုယ်စားလေးယောက် ရှိပါတယ်။ ဒီသတင်းက ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ လုံဝ မပတ်သက်ပါဘူး"ဟု ဦးဝင်းထွဋ်က ပြောသည်။
လင်းလင်းအောင် New Watch









Post a Comment