❤ ချစ်သူကို အရမ်းချစ်မိသွားရင် ဒီ (၉) ချက်ဖြစ်ပေါ်လာပါမယ် ❤
💓💓💓💓💓💓💓💓💑
၁) သူသာ အနားမှာ ရှိနေရင် ကိုယ့်ဘဝ တစ်ခုလုံး ပီးပြည့်စုံနေသလို အရမ်း ပျော်နေမိတယ်။
၂) သူနဲ့စိတ်ဆိုး စိတ်ကောက်ကြတိုင်း တစ်လောကလုံးက ကိုယ့်ကို ဥပေက္ခာ ပြုထားသလိုမျိုး ခံစားနေရတတ်တယ်။
၃) ကိုယ့်ချစ်သူ မှားမှားမှန်မှန် သူ့ဘက်က အမြဲ ရပ်တည်ပေး နေတတ်တယ်။
၎) သူနဲ့ ပတ်သတ်တဲ့ အသေးအမွှားလေး တွေကအစ သေချာ ဂရုစိုက် ပေးနေမိတယ်။
၅) သူနဲ့ အဆက်အသွယ် မရတဲ့အခါ အရမ်းစိတ်ပူမယ်၊ သူဘာတွေ လျှောက်လုပ်နေတာလဲ ဘယ်သူနဲ့ ရှိနေလဲပေါ့။
၆) အဆင်မပြေတဲ့ အချိန်တိုင်းလဲ ပြန်အဆင်ပြေသွားမယ် ဆိုတာ သိပေမဲ့ ဟိုတွေး ဒီတွေးနဲ့ ကိုယ့်ကိုယ်ကို နာကျင်ခံစား နေတတ်ကြတယ်။
၇) သူရဲ့ စိတ်ဓာတ်ကျမှု တွေကို ခွန်အားအဖြစ် ပြောင်းလဲအောင် ကိုယ့်က ဖေးမကူညီပေး နေမိတယ်။
၈) သူများအတွက် သူက ဘာမဟုတ်တဲ့သူ တစ်ယောက် ဖြစ်နေပါစေ.. ကိုယ့်အတွက်ကတော့ ဘဝမှာ အရေးပါဆုံးသော လူတစ်ယောက်အဖြစ် လက်ခံထားကြတယ်။
၉) သူ့အပေါ်မှာ အတတ်နိုင်ဆုံး နားလည်ပေးပီး သာယာတဲ့ အချစ်တစ်ခု ဖြစ်အောင် အမြဲကြိုးစား နေတတ်ကြတယ်။
Credit Original

Post a Comment