Header Ads

ပြင်းထန်တဲ့လေလည်နံ့က ဦးနှောက်ကင်ဆာကို ကာကွယ်


ပြင်းထန်တဲ့ လေလည်နံ့က ဦးနှောက် ကင်ဆာကို ကာကွယ်ပေးပီး အနံ့ရတဲ့ သူတွေအတွက် ကောင်းကျိုးပေးနိုင် ဟု သိပ္ပံပညာက ဆိုပါတယ်..

လေလည်တာက ဘဝရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပါ။ တစ်ခါတစ်လေ ရှက်စရာ ရယ်စရာ တစ်ခုလို့ ထင်ရပေမဲ့ အစာချေ အဖွဲ့အစည်းရဲ့ ကျန်းမာရေး အခြေအနေကို ပြတဲ့ သင်္ကေတ တစ်ခုပဲ ဖြစ်ပါတယ်။ လေလည်တာက ဓာတ်ငွေ့တွေ စုပီး ထွက်လာတာ ဖြစ်ပြီး အမြဲတမ်းတော့ အနံ့တွေ အသံတွေ မထွက်တတ်ပါဘူး။ ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ပျမ်းမျှ ၁၄ ကြိမ်လောက် လေလည်တတ်ပါတယ်။ အများအားဖြင့် အနံ့မရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်တွေပဲ ဖြစ်တာကြောင့် သတိမပြုမိတာ ဖြစ်ပါတယ်။

လေလည်တဲ့အခါ မှာ ပြင်းထန်တဲ့ အနံ့ရတာက သင့်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အမျှင်ဓာတ်လုံလောက်စွာ ရရှိနေပြီး အူလမ်းကြောင်းထဲမှာလည်း အကျိုးပြု ဘက်တီးရီးယား အရေအတွက် များများရှိတယ်ဆိုတာကို ပြတာပဲ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ လေလည်နံ့က ဟိုက်ဒရိုဂျင် ဆာလဖိုက်ဓာတ်ကြောင့် ဖြစ်ပါတယ်။


စားလိုက်တဲ့ အစာ အမျိုးမျိုးကို ချေဖျက်ရာကနေ ထွက်လာတဲ့ ဟိုက်ဒရိုဂျင် ဆာလဖိုက်ဒြပ်ပေါင်း အနံ့က အစာအိမ်ထဲမှာ ရှိတဲ့အရာ အားလုံး ကောင်းကောင်း မွန်မွန် လည်ပတ်နေတယ် ဆိုတာကို ပြတာပါ။ တွေ့ရှိမှုအသစ် တစ်ခုအရ လေလည်နံ့ကို ရှူမိတဲ့ သူတွေမှာ ကောင်းကျိုးတွေ ရှိပါတယ်။


အဲ့ဒီ လေလည်နံ့မှာ ပါဝင်တဲ့ မီသိန်း ဓာတ်ငွေ့က ရောဂါဖြစ်စေမယ့် အလားအလာတွေကို လျော့စေပြီး အသက်ရှည်စေပါတယ်။ ရောဂါပိုးထဲမှာ ရှိတဲ့ အင်ဇိုင်းတွေရဲ့လုပ်ငန်းတွေကို ပြောင်းလဲစေနိုင်တဲ့ အစွမ်းရှိပါတယ်။ အဓိက ပျောက်ကင်းစေတဲ့ ရောဂါတစ်မျိုးကတော့ ဦးနှောက်ပျက်ခြင်းကြောင့် ဖြစ်တဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။

ချွင်းချက်တစ်ခုကတော့ ပြင်းထန်တဲ့ လေလည်နံ့ကို ရတဲ့အခါ နို့ထွက် ပစ္စည်းတွေကြောင့်လား ဆိုတာ စူးစမ်းရပါမယ်။ မဟုတ်ရင်တော့ ကိုယ့်ဘေးက လူတွေရော ကိုယ့်အတွက်ပါ အကျိုးပြုတဲ့ အနံ့တစ်ခုလို့ မှတ်နိုင်ပါတယ်။

Ref:higherperspectives
Trend Myanmar

No comments

Powered by Blogger.