ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန် ချစ်သူတွေဖြစ်နေကြပီလား..
နှုတ်ခမ်းနီ မလေးတွေရဲ့ အသဲစွဲ ပိုင်တံခွန်နဲ့ Miss တစ်ယောက် ဖြစ်တဲ့ ကချင် မော်ဒယ်မလေး အိန်ဂျယ်လမုန်တို့ကတော့ ဖေစ်ဘုတ်ပေါ်မှာ အချင်းချင်း စနောက်ကျီစယ် နေကြပါတယ်။
အိန်ဂျယ်လမုန်က “ လွမ်းတယ် ကိုရယ်” လို့ ရေးထားတဲ့ ပိုစ့်အောက်မှာလည်း ပိုင်တံခွန်က “ ၅ မိနစ်တောင် မရှိသေးဘူးလေ” လို့ ကွန်းမန့် ဝင်ရောက်ရေးသား ထားပြီး အိန်ဂျယ်လုမုန်က “ အတူရှိလည်း လွမ်းနေမိတယ်” ဆိုပြီးတော့ ပိုင်တံခွန်ရဲ့ ကွန်းမန့်ကို Reply ပြန်ရေးထားတာ ဖြစ်ပါတယ်။
အိန်ဂျယ်လမုန် တင်ထားတဲ့ အခြား ဓါတ်ပုံတွေမှာလည်း ပိုင်တံခွန်ဟာ ကွန်းမန့်တွေ ဝင်ရောက် ရေးသားထားပြီး ပိုင်တံခွန်ရဲ့ ပရိသတ်အချို့ကတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်နေကြပြီလို့ ယုံကြည်နေပြီ ဖြစ်ပါတယ်။
ပရိသတ်တွေရော ဘယ်လိုထင်ကြလဲ? သူတို့နှစ်ဦးဟာ တကယ်ပဲ ကျီစယ်နေကြတာလား (ဒါမှမဟုတ်) ချစ်သူတွေ ဖြစ်နေကြပြီလား?
Source: Angel Lamung, Paing Takhon












Post a Comment