Header Ads

မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ စကားတွေရဲ့အဓိပ္ပာယ်


😉😝😜😊😖😖😖😖😖

💃လာမခေါ်နဲ့ !....😞

အဲ့တာ ခေါ်ခိုင်းတာ မခေါ်ပဲနေကြည့် သေအောင် စိတ်ဆိုးတယ်😐

💃အေးးး ရတယ်လေ! .....😏

အဲတာ မရဘူးးး ကြည့်နေ ငါပြသနာ ရှာပြမယ် အဲ့လို 😐

💃ပြီးတာပဲ! ..... 😌

အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ ခဏနေ သူပြန်ရွဲ့ တော့မှာ 😐

💃ဘာတစ်ခွန်းမှ လာမပြောနဲ့ ! .... 😠

အဲ့တာ ကောက်သွားတာ အမြှုပ်ထွက်အောင် သွားရှင်းပြ ပြောနိုင်မှ တော်ကာကျမှာ 😐

💃ကြိုက်တာသာလုပ်! .... 😞

ဘာမှသွားမလုပ်နဲ့  အဲ့တာသူ ပြသနာ ရှာဖို့ အဆင်သင့်ပဲ ဆိုတဲ့သဘော😐

💃ငါ့ကို အဖက်လာ မလုပ်နဲ့ !..... 😡

ပစ်ထားတာ များသွားပီ သေချာပြန် ဂရုစိုက်ပေး ဆိုတဲ့ သဘော အနီရောင်အဆင့် ရှော့ရှိတယ်😐

💃နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး! .... 😏

အဲ့တာ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက် ကြည့်နေတာ တစ်ချက်မမှားနဲ့ ရစ်ပလိုက်လို့ နားကားသွားမယ်

💃နင့်သဘောနဲ့နင် ! ....😔

အဲ့တာ သူ့ဆီအရင် ခွင့်တောင်းခိုင်းတာ ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $??@? အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး အစစ်ဆေး လာခံခိုင်းတာ😐

💃ကောင်းပီလေ!... 😒

မကောင်းဘူး တော်တော် မကောင်းတာ ပြဿနာစဖို့ အစပျိုးတာ😐

💃အော်…. အဲ့လိုလားးး!.....😠

သွားပီ အဲ့တာရွဲ့ ပီ စောင်းပီ ဘုဂလန့် လုပ်ပီ စိတ်ဒုက္ခပေးပီ😐

💃 ကြည့်မရဘူး! ....😑

အမှန်က ကြည့်မဝတာ😐

💃နင့်ရုပ်လဲ မမြင်ချင်ဘူး! ......😕

အဲ့လိုပြောရင် သွားတွေ့ လိုက်😐

💃နင့်အသံလဲ မကြားချင်ဘူး! ....😏

ဖုန်းလေးတော့ ဆက်လိုက် သူချည်း ဒိုင်ခံပြောလိမ့်မယ်😐

💃မုန်းတယ် သလား!.....😠

ချစ်လို့ပြောတာ 😐 အဲ့တာတွေက ရွဲ့တာ မဟုတ်ဘူး မှတ်ထား…!! အရမ်းချစ်လို့

credit to original

No comments

Powered by Blogger.