Header Ads

❀ သင် နုပျိုပီး ပျော်ရွှင်အောင် ဘယ်လိုနေထိုင်မလဲ ❀


★ ★ ★ ★ ★ ★ ★ ★ ★
1. အရေးမပါတာကို ဘေးဖယ် ထားလိုက်ပါ

အဲဒီ အရေးမပါတာတွေ ဆိုတဲ့ အရာတွေထဲမှာ အသက်ရယ်၊ ကိုယ် အလေးချိန်ရယ်၊ အရပ်အမြင့်ရယ် လည်းပဲ ပါဝင်ပါတယ်။ ဆရာဝန်တွေ ရှိတာပဲ။ ဒီကိစ္စ အတွက် ပူနေစရာ မလိုပါဘူးဗျာ။

2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ

တစ်ချိန်လုံး ညည်းညူနေခြင်းက သင့်ကို ဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ညည်းညူ နေတတ်သူ တစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။

3. အမြဲတမ်း လေ့လာ သင်ယူနေပါ

ကွန်ပျူတာ အကြောင်း၊ ဥယျာဉ် စိုက်ပျိုးခြင်း အကြောင်း၊ လက်မှုပညာ အကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ် သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's workshop တဲ့ နောက်ဆက်တွဲ အနေနဲ့ကတော့ The devil's name is Alzheimer's! ပဲပေါ့

4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင် ကြိုးစားကြည့်ပါ

5. ရယ်မောပါ

အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မော ပစ်လိုက်ပါ။ ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့ အထိကိုပေါ့။ သင့်မှာ သင့်ကို ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာ ရှိမယ် ဆိုရင် သူနဲ့ပဲ အချိန်ဖြုန်း နေလိုက်တာ အကောင်းဆုံးပါပဲ။

6. သင်ချစ်တတ်တဲ့ အရာတွေ သင့်အနားမှာ ရှိနေပါစေ

သင့်ရဲ့ မိသားစု၊ သင်ချစ်တဲ့ တိရစ္ဆာန်၊ သင် ၀ါသနာပါတဲ့ အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေဖြစ်နေ ဒါတွေနဲ့ အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရာလည်း ရှိနေရမယ်နော်။

7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင် ကြံ့ကြံ့ခံပါ

ဝမ်းနည်းပူဆွေး နေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။ ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူ ရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့ ကိုယ် အသက်ရှင်နေစဉ် အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။

8. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ

မောလ်တွေကို ရှော့ပင်ထွက်ပါ။ အိမ်နီးချင်း နိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား တိုင်းပြည်တွေထိတောင် ရှော့ပင် ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်ကိုယ်လွတ် မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။

9. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ

ကျန်းမာရေး မကောင်းရင် ကာကွယ်စောင့်ရှောက် ရမှာပေါ့။ မကြာခဏ နေမကောင်း ဖြစ်နေရင်လည်း ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။

10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေး ရတုန်းမှာ ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

ဒီလို နုပျိုအောင် နေနည်းကို နောက်ထပ် လူတွေကိုလည်း မျှဝေပေးစေ ချင်တယ်လေ။ 10 ယောက်ဆီ မဟုတ်တောင် ကိုယ်ချစ်တဲ့၊ ကိုယ်ဂရုစိုက်တဲ့ လူတစ်ယောက် လောက်ကိုပဲ ပြောပြလိုက်ပေါ့။

credit to original writer

No comments

Powered by Blogger.