Header Ads

သိပ်လှတဲ့ မိန်းမတွေမှာ နူးညံ့မယောင်နဲ့  ရက်စက်တတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ်


သက်ဆိုင်သူ ဖတ်ဖို့ 
___________________

သိပ်လှတဲ့ မိန်းမတွေမှာ နူးညံ့မယောင်နဲ့  ရက်စက်တတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ် …

ထက်မြက်တဲ့ မိန်းမတွေမှာ ရက်စက်တတ် မယောင်နဲ့  စာနာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ် …

ဒေါသကြီးလွယ်တဲ့ မိန်းမတွေမှာ ပြတ်သားမယောင်နဲ့ အချစ်ကြီးလွန်းတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ် …

တည်ငြိမ် အေးဆေးတဲ့ မိန်းမတွေမှာ ပျော့မယောင်နဲ့  ပြတ်သားရဲတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ် …

စိတ်ကောက်လွယ်တဲ့ မိန်းမတွေမှာ ပူလောင်နေမယောင်နဲ့  တွယ်တာလွန်းတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ် …

အရှက်အကြောက်ကြီးတဲ့ မိန်းမတွေမှာ သိမ်မွေ့ မယောင်နဲ့  ဥပေက္ခာ ပြုလွယ်တဲ့ နှလုံးသားတွေ ပိုင်ဆိုင်ထားတယ် …

ပျော်ပျော်နေတတ်တဲ့ မိန်းမတွေမှာ ခွင့်လွှတ်လွယ်ပေမဲ့ အမှတ်အတေးကြီးတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ် …

စိတ်မကောက်တတ်တဲ့ မိန်းမတွေမှာ အရယ်အမော မပျက်ပေမဲ့ အငြိုးကြီးတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပါတယ် …

မိန်းမတွေမှာ ယောက်ျားသားတွေနဲ့  ကွာခြားချက် အများကြီးရှိတယ်

~ စကားတစ်ခွန်းကို အလေးနက်ထားမှု
~ စကားတစ်ခွန်းကို အကျကောက်လွယ်မှု
~ စိတ်ထိခိုက်လွယ်မှု
~ အနစ်နာပိုခံတတ်မှု
~ အမှတ်သားကြီးမှု
~ အငြိုးကြီးမှု
စသည်ဖြင့် အမူအကျင့်များစွာကို ယောက်ျားသားတွေထက် ပိုပြီး ပြုမှုတတ်ပါတယ်… ဒါတွေက မိန်းမ ဆိုတဲ့ ဗီဇသွေးရဲ့  အမှုအကျင့်များသာ ဖြစ်ပါတယ် …

ဘယ်လို နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ မိန်းမ ဖြစ်ပါစေ.. နှလုံးသားက ယောက်ျားတွေထက်တော့ နူးညံ့ပါတယ် …


တဖက်က ပြုမှုလာမှုတွေကို ကိုယ့်စိတ်နဲ့  မတူညီတာ စိတ်တိုင်းမကျတာ များလာရင်  သူတို့ ရင်ထဲက နှလုံးရဲ့  ခံစားချက်အတိုင်း တုန့် ပြန်ကြပါလိမ့်မယ် …

မိမိချစ်သူအပေါ်  တကယ့် အချစ်စစ်နဲ့   ချစ်တဲ့သူတိုင်းက ချစ်သူ မိန်းကလေးရဲ့ စိတ်ကို နားလည်ပေးပြီး လိုက်လျောညီထွေအောင် နေတယ်။ ဘဝအဆုံးထိ နားလည်မှုနဲ့  လက်တွဲခေါ်ယူ သွားကြပါလိမ့်မယ် …

ချစ်သူ မိန်းကလေးရဲ့ အပြုအမှုအပေါ် နားလည်မှု မပေးနိုင်သူ သည်းခံမှု မရှိသူတွေကတော့ စိတ်ကုန်စရာ အပြစ်တစ်ခုလို သဘောထားပြီး ကျောခိုင်းသွားပါလိမ့်မယ် …

သဘောထားတွေ မတူညီကျလို့  စောစော လမ်းခွဲသွားတာ ဝမ်းနည်းနေစရာ မလိုဘူး။ ကျေးဇူးသာ များများတင်လိုက်…


အချစ်စစ်နဲ့  မချစ်သူတွေဆိုတာ " စိတ်ပျက်တယ် " ဆိုတဲ့ စကားကို များများသုံးပြီး ထားသွားကြတာပါပဲ …

မိန်းမ တစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လိုက်ရင် ဘယ်လောက်ချစ်ချစ် ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။ တကယ်ချစ်လို့ ပိုင်ဆိုင်ချင်ရင် သူ့ စိတ်ကို နားလည်လာတဲ့ အချိန် အတိုင်းတာ တစ်ခုတော့ ရင်းနှီးကြည့်လိုက်ပါ …

" မိန်းမသားတွေက နူးညံ့မယောင်နဲ့  ယောက်ျားသားတွေထက် နှစ်ဆရက်စက်တတ်တယ် "

တကယ်တော့ မိန်းမတွေက ယောက်ျားသားတွေထက်လည်း အချို နှစ်ဆ ပိုကြိုက်တတ်တာ သင်မမေ့ပါနဲ့…။

credit #MayNoe

No comments

Powered by Blogger.