ကိုယ့်ဘဝကို တန်ဖိုးထားပြီး လှပအောင် နေထိုင်ပါ
မိန်းမတွေ အိမ်ထောင်ကျပြီးလို့ ပိုလှလာရင်... ယောကျာ်းက စိတ်ချမ်းသာအောင် ထားတာ ခံရလို့ ဆိုတဲ့စာတစ်ကြောင်း သူများ ရေးထားတာ ဖတ်လိုက်ရရင်း ပြုံးမိတယ်...
⭐️ တကယ်က မိန်းမတွေဟာ ကိုယ့်ဘာသာ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ကြိုးစားပြီး စိတ်ချမ်းသာအောင် နေထိုင်ပြီး ကိုယ့်ဘဝကို တန်ဖိုးထားပြီး ကိုယ့်ဘာသာကို လှပအောင် နေထိုင်ကြလို့ လှနေကြတာပါ...
စိတ်ချမ်းသာအောင် ထားတတ်တဲ့ ယောကျာ်းကို ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ... မိန်းမတွေဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ အရာအတွက်တော့ ပြင်ဆင်နိုင်ခွင့် နည်းပါးကြပါတယ်...
ကိုယ် ပြင်ဆင်နိုင်တာက ကိုယ့်စိတ်တစ်ခု ပါပဲ...
ကိုယ်ရွေးချယ်ခဲ့လို့ ကြုံလာရတဲ့ ဘယ်လို အခက်အခဲတွေ နာကျင်ရတဲ့ အခြေအနေမျိုးတွေ မှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို အားတင်း ရင်ဆိုင်ပါ...
ကိုယ့်ကိုယ်ကို လှအောင် နေပါ.. တော်အောင် ကြိုးစားပါ.. တတ်အောင် သင်ယူပါ...
အရည်ချင်းရှိသူ ဖြစ်လာအောင် ပြောင်းလဲပါ...
ကံကောင်းတဲ့သူ လူနည်းစု အချို့ကို အားကျပြီး ကိုယ့်ဘဝကို သိမ်ငယ်ကာ ထိုင်ကြေကွဲ မနေပါနဲ့...
ကိုယ်ထိုင်နေရင် ကိုယ်ပဲ နောက်မှာ ကျန်ခဲ့ပါလိမ့်မယ်.. အားရအောင် ငိုပါ ... ပြီးရင် မျက်ရည် သုတ်ပြီး ရောက်တဲ့နေရာက ထပြေးလိုက်ပါတော့...
ဘဝခရီးလမ်း အရှည်ကြီးမှာ ဘယ်အချိန် ဘယ်ပန်းတိုင်ကို ရောက်မယ်မှန်း မသိနိုင်ပေမယ့် ပြေးလမ်းပေါ်မှာ ပုံမှန် ပြေးနေဖို့တော့ လိုမယ် မဟုတ်လား 🏆
credit to original
Post a Comment